ᴇᴘ-𝟷

944 50 4
                                        

#မင်းနဲ့ အချစ်ဦးနဲ့ တွဲရဖို့ ​​ဖြစ်နိုင်ခြေက 12%

🖇

ဆောနူက သူနဲ့ အိမ်နီးချင်း။

သူ့ဖေဖေက ဝန်ထမ်း။ ဆောနူတို့ မြို့ကို ရာထူးတိုး ပြောင်းရွှေ့ခဲ့ရပြီး ဆောနူရဲ့ ဘေးအိမ်ကို ရောက်လာခဲ့တာဖြစ်တယ်။ မိသားစုနှစ်ခုက အရမ်းရင်းနှီးကြတယ်။ တစ်ဦးအတွက် တစ်ဦး အမြဲအဆင်သင့် ရှိကြသလို နှစ်အိမ်တစ်အိမ် ပေါင်းနေကြတဲ့အတိုင်းပင်။

နှစ်အနည်းငယ် အကြာမှာ သူနဲ့ ဆောနူက ဒီ မိသားစုနှစ်ခုစီ အသီးသီး ရောက်လာခဲ့တယ်။ သူက ဆောနူထက် လပိုင်းလောက် စောရောက်လာခဲ့တာပေါ့။ သူက တစ်ဦးတည်းသော သား။ ဆောနူ မှာတော့ မမ တစ်ယောက် ရှိပါတယ်။

[မာမား ဒင်းဆမ်းဆိုင်]

မနက်အစောပိုင်းမို့ ဆိုင်ထဲတွင် အသံပေါင်းစုံံဖြင့် ဆူညံပွက်ကာ..

ဆောနူရဲ့ မေမေက သူတို့အိမ် မြေညီထပ်တွင် "ဒင်းဆမ်းဆိုင်" ဖွင့်ထားပြီး နံနက်မိုးလင်းကနေ ညနေစောင်းအထိ အလုပ်ရှုပ်နေတတ်သည်။ ဆောနူတို့ဆိုင်က ဒီမြို့ထဲမှာ အရောင်းရဆုံးမို့လား..

" မာမား "

" ဒုန်း ဒုန်း ဒုန်း ဒုန်း "

ဒင်းဆမ်းဆိုင်၏ အပေါ်ထပ်မှ အလောတကြီး ပြေးဆင်းလာသံ ဖြစ်သည်။

" ဆောနူလေး လှေကားကနေ ပြေးမဆင်းနဲ့လို့ ပြောထားတယ်လေ "

" မင်္ဂလာ မနက်ခင်းပါ .. မာမား "


" အင့်.. မနက်စာ ဂျယ်ယွန်းလေး အတွက်ရော နှစ်ယောက်စာ ထည့်ပေးထားတယ် "

" အရသာ ရှိမဲ့ပုံပဲ "

" သွားတော့မယ်နော် "

" ဘိုင့် မာမား "

" Bus ကားကို ကောင်းကောင်း စီးသွားကြနော်.. နှစ်ယောက်လုံး "


" ဟုတ်ကဲ့ပါ "

ဆောနူ အမေ့ကို နှုတ်ဆက်ပြီး ဘေးအိမ်သို့ ဝင်လိုက်သည်။


" မင်္ဂလာပါ အန်တီလေး "


" အိုးးး ဆောနူလေးတောင် ရောက်လာပြီ "

𝑴𝒚 𝑶𝒏𝒍𝒚 𝟏𝟐% (SunJake)Where stories live. Discover now