"မတွေ့ပါဘူး။ သခင်ကြီး...."
"အန်ကယ် မောင့်ကိုလည်း မတွေ့တော့ဘူး။ သားပြောတာတော့ မနေ့ညနေထဲက ဆေးရုံကို မလာဘူးတဲ့..."
"တောက်!"
ဦးသူရိန် မနက်မိုးလင်းလင်းချင်း သုတရဲ့အရိပ်အယောင်ကိုတောင် မတွေ့တော့တာကြောင့် ဆေးရုံးများသွားလားဆိုပြီး နေသစ်ကို အားကိုးတကြီးဖုန်းဆက်ခဲ့ပေမယ့် နေသစ်ကပါ ပျောက်နေတယ်ဆိုတာ သိလိုက်ရတာကြောင့် တစ်ဖက်ကလည်း ဒေါသထွက်သလို တစ်ဖက်ကလည်း တော်တော်ကို စိတ်ပူနေရတယ်.....
"ဘာလို့ မဆင်မချင် လုပ်ကြရတာလဲကွာ...."
____________
သုတ ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး တစ်ဖြည်းဖြည်းကျောချမ်းလာတယ်။ မြောက်ပိုင်းကို မြန်မြန်ရောက်ဖို့အတွက် တစ်ညလုံး တစ်လှည့်စီ မောင်းခဲ့တာကြောင့် ခြောက်နာရီအကြာခရီးအပြီးမှာတော့ မြောက်ပိုင်းထဲကို စဝင်လာခဲ့ပြီ။ ဒါပေမယ့် မြောက်ပိုင်းမြို့ပျက်ကြီးရဲ့ အဝင်ဝနားမှာတင် စတင်မှောင်မဲလာတာကြောင့် စိတ်ထဲမသိုးမသန့်ကြီး ဖြစ်လာတယ်...
"နေသစ်.....ထတော့..."
သုတ မြို့ပျက်ကြီးရဲ့အဝရောက်တာနဲ့ တန်းမဝင်သွားပဲ ကားကို ခနရပ်ကာ လွန်ခဲ့တဲ့နှစ်နာရီလောက်ကမှ ကားမောင်းနေရာကနေ လူလဲပြီး အိပ်နေတဲ့ နေသစ်ကို နှိုးလိုက်တယ်....
"ရောက်ပြီလား..."
"........."
နေသစ် နိုးနိုးချင်း သုတကို ရောက်ပြီလားဆိုတာ မေးလိုက်ပေမယ့် ပြန်မဖြေဘဲ ရှေ့ကိုပဲ ကြည့်နေတဲ့ သုတကြောင့် နေသစ်လည်း အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်.....
"ဒါလား...မြောက်ပိုင်းက...."
နေသစ် သူ့ရှေ့မှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် တော်တော်ကို အံ့ဩသွားမိတယ်။ သူထင်ခဲ့တာက မြောက်ပိုင်းက မြို့ပျက်ကြီးက hybrid တွေကြောင့် ပြန်ပြီးခေတ်မှီနေမယ်။ ဒါမှမဟုတ်လည်း ရုပ်ရှင်တွေထဲကလို စိမ်းလမ်းစိုပြေပြီး မှော်သတ္တဝါတွေနဲ့လှပနေမယ်လို့ ထင်ခဲ့တာ။ ခုတော့ အဝင်ဝမှာတင် မှောင်မဲပြီး နွယ်ပင်အချို့ရဲ့ ကြီးစိုးခြင်းကို ခံထားရတဲ့ တံတိုင်းကြီးကို စတင်တွေ့ရတော့တာပါပဲ......
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........