"ကလေးကို မြန်မြန်ဆေးရုံပို့မှ ဖြစ်မယ် ၊ အန်တီ ကျောင်းအုပ်ကို သွားအကြောင်းကြားလိုက်မယ် ၊ သားက ကလေးကိုချီပြီး ဆေးရုံကားလာတာနဲ့ အသင့်တင်ပေးဖို့လုပ်ထားပေးလိုက်နော်"
လျှင်လျှင်မြန်မြန်ဘဲ အန်တီကြီးထွက်လာခဲ့လိုက်သည်။
"ဒေါက်ဒေါက်"
"ကျောင်းအုပ်ကြီး ဝင်ခွင့်ပြုပါနော် ၊ အရေးကြီးပြောစရာလေးရှိလို့ပါ"
"ဝင်ခဲ့ ဝင်ခဲ့"
"ကျွန်မ ရေကန်မှာ သန့်ရှင်းရေးလုပ်နေတုန်း
ကလေးတစ်ယောက် ရေနစ်နေတာတွေ့လို့ လာပြောပေးတာပါ"
"ဟေ ဘယ်လိုတောင်
အခုချက်ချင်းဘဲ ဆေးရုံပို့မယ်"
ဆိုပြီး ရုံးခန်းထဲမှာထွက်လာကာ ကိုယ်ပိုင်ကားနဲ့ဘဲ ပို့ပေးလိုက်၏။
ဆေးရုံသို့ရောက်ချိန်၌.....
ကျောင်းအုပ်ကြီးက
"ဆရာ ကလေးကို မြန်မြန်ကယ်ပေးပါအုံးနော် ၊ ရေနစ်လာလို့ ဆရာ"
ဆရာဝန်လည်း လက်လွှဲပြောင်းယူပြီး
Operation Room ထဲသို့ခေါ်သွား၏
ကျောင်းအုပ်ကြီးက ကလေး၏ အတန်းပိုင်
ကို ဖုန်းဆက်ပြီး မိဘတွေကို အကြောင်းကြားခိုင်းလိုက်၏။
ရေနစ်တဲ့ကလေးက စာတော်တဲ့ကျောင်းသားဖြစ်တာမို့ ကျောင်းအုပ်ကြီးက သတိထားမိတာလည်းဖြစ်သည်။
နှစ်နာရီကြာပြီးနောက်
ဆရာဝန်ထွက်လာပြီး
"ကလေးက ရေနစ်ထားတာ တစ်နာရီလောက်ရှိပြီ ၊ ဒီထပ်တာနောက်ကြသွားရင် မတွေးဝံ့စရာဘဲ ၊ အခုတောင် ဒီကလေးရဲ့ အဆုတ်ထဲကို ရေအများကြီးဝင်သွားလို့ တော်တော်ပြန်ကောင်းဖို့တောင်ကြာဦးမယ် ၊ ကံကောင်းတာတစ်ခုက ထူးထူးဆန်းဆန်းဘဲ ရေအကြာကြီး နစ်ထားတာတောင် အသက်ရှင်သေးလို့ဘဲ ပုံမှန်ဆို ငါးမိနစ်လောက်ဘဲ နစ်တဲ့သူတောင် အသက်ရှင်ဖို့မသေချာတာ ဒီကလေးကတော့ အသက်တော်တော်ပြင်းတာ"ဟု ပြောနေ၏။
ခဏကြာတော့
ကလေး၏ မိခင်ဖြစ်သူရောက်လာပြီး
"ဆရာမကြီး ကျွန်မသား ရေနစ်လို့ဆို အခုကော ဘယ်မှာလဲ ကျွန်မသား ကျွန်မသားကောဆိုပြီး ငိုသံနှင့်မေးလေ၏....
"စိတ်အေးအေးထားပါ ကလေးက အသက်အန္တာရယ်ကင်းပါတယ် အခုတော့ VIP Room ထဲရွှေ့ဖို့လုပ်နေတယ်"
ဟုဆရာမကြီးက ပြောလိုက်၏။
"ဟုတ်ကဲ့ပါဆရာမကြီးရယ် ကျေးဇူးတင်ပါတယ် ၊ ကျွန်မမှာ ဒီသားလေးတစ်ယောက်ဘဲရှိတာမို့ သူတာ မရှိတော့ရင် ကျွန်မတော့ရင်ကျိုးမှာ ဆရာမကြီးရယ်"ဟု ငိုသံနဲ့ဘဲပြောပြန်တယ်။
နှစ်ပတ်ကြာပြီးနောက်....
ကလေးက ခုထိသတိမရသေးပါ
မိခင်ဖြစ်သူကတော့
"အကျိုးမပေးတဲ့ သောက်ကလေး အဲ့အချိန်တည်းက အသက်ထွက်သွားရမှာ ၊ ပိုက်ဆံကလည်းကုန်သေး ၊ သူ့ကိုလည်းပြုစုရသေး ၊ သတိရလာမှာ အသေကုန်ခိုင်းပစ်အုံးမယ်"
ဟုကျိန်းမောင်းပစ်တင်ပြောဆိုနေ၏။
ဒေါ်ခင်ဝင်းသက်က အများရှေ့မှာဆိုရင်တော့ သားကိုဘဲ အရမ်းချစ်ပြပြီး သားကတာ တစ်ကမ္ဘာလုပ်နေတာ
နောက်ကွယ်မှာဆိုရင်တော့ တစ်ချိန်လုံး ဒီကလေးကို ပစ်တင်ရှုံချပြီး ရိုက်ပုတ်နေသည်ကိုတော့မည်သူမျှမသိ
အရင်နှစ်ပတ်ကကျောင်းအုပ်ကြီးရှေ့မှာလည်း
အမေချစ်သားလေးပုံစံဖမ်းပြပြီး သနားကမားလုပ်နေတာပေါ့
မင်းသက်ဆက် တစ်ယောက်
ဒေါ်ခင်ဝင်းသက်ရဲ့ စကားသံများကြားပြီး မျက်ရည်ကျနေမိ၏
သူသတိရရချင်းမှာဘဲ ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် မျက်ရည်မကျမိဘူးဆိုလျှင်လိမ်ရာကြလိမ့်မည်
မိခင်တစ်ယောက်က ထိုသို့စကားများပြောထွက်ခြင်းကို လက်မခံနိုင်။
မင်းသက်ဆက်စိတ်ထဲမှ
"အမေရယ် သားကိုအဲ့လောက်တောင်မုန်းတီးနေရင် ဘာလို့များမွေးခဲ့သေးလည်း ၊ မမွေးခင်ထဲက တစ်ခါတည်းသတ်ပစ်လိုက်ပါလား"
JanMinn🌷
YOU ARE READING
ချစ်ခွင့် မရှိတဲ့အချစ်
Romanceမင်းသက်ဆက် အသက်လေ ဘယ်သူ့ကိုမှ မယုံရဲသလို ဘယ်သူ့ကိုမှလည်း မချစ်ရဲဘူး ရှိုင်းခေတ်မဟာ ကိုယ့်ကို နည်းနည်းလေးမှတောင် အခွင့်အရေးမပေးတော့ဘူးလား အသက်ရယ် ကိုယ်လေ ချစ်ခွင့် မရှိတဲ့ အချစ်ကိုမှ ချစ်မိနေတလား
Part 1
Start from the beginning
