Part - (18) U

1.2K 30 8
                                    

မင်းခန့် ကောင်လေးပို့ပေးလာတဲ့ location အတိုင်း လာခဲ့တော့ ဘားတစ်ခုရဲ့ အရှေ့ကို ရောက်လာခဲ့သည်။ မင်းခန့် က ကားပါကင်မှာ ကားကိုအရင် နေရာတကျ အရင် ထိုးလိုက်သည်။

ဘား အဝင်ဝကို ရောက်တော့ ဘားအဝင်ဝ မှာ စောင့်နေတဲ့ လုံခြုံရေးနှစ်ယောက်က သူ့ကို တားလေသည်။

"ဘားထဲကို ဝင်ဖို့ ကဒ် ပြပေးပါ"

လုံခြုံရေး နှစ်ယောက်ထဲက တစ်ယောက်က သူ့ကို မေးလာသည်။

မင်းခန့် နည်းနည်းတော့ စိတ်ရှုပ်သွားရသည်။ ဘားထဲကို ဝင်ဖို့ ကဒ်တွေက လိုတယ်ပေါ့ ။ သူ့မှာ ကဒ်မှ မပါတာ သူဘယ်လိုလုပ် ဝင်လို့ ရမှာလဲ ။

မင်းခန့် ဖုန်းကို ထုတ်ကာ ကောင်လေးကို ဖုန်းခေါ်လိုက်သည်

" ဟယ်လို ရောက်ပြီလား "

"အင်း အပြင်မှာ ရောက်နေပြီ ကဒ်ရှိမှ ဝင်လို့ ရမှာတဲ့ "

"ဝိတ်တာ တစ်ယောက် လွှတ်လိုက်မယ်"

"အင်း"

သီဟ အနီးအနားက ဝိတ်တာ တစ်ယောက်ကို လှမ်းခေါ်လိုက်ကာ ကို မင်းခန့် ကို သူ့ဆီ ခေါ်လာခိုင်းဖို့ ပြောလိုက်သည်။ ဝိတ်တာ ကောင်လေးက ခေါင်းကို တစ်ဆက်ဆက် ညိမ့်ကာ  ထွက်သွားလေသည်။

မင်းခန့် အပြင်မှာ စောင့်နေတုန်း ဝိတ်တာကောင်လေးတစ်ယောက်က သူ့ အနားသို့ရောက်လာပြီး

" ဒီက အစ်ကို မင်းခန့် လား ဗျ "

"ဟုတ်ပါတယ်"

"ကျွန်တော့်နောက်လိုက်ခဲ့ပေးပါ   .....  သခင်လေး ဆီ ခေါ်သွားပေးပါ့မယ်ဗျ"

"ဟုတ်ပြီ"

မင်းခန့် လည်း ဝိတ်တာ ကောင်လေး ခေါ်ရာ အနောက်သို့ လိုက်သွားလိုက်သည်။   ဝိတ်တာ ကောင်လေးက သူ့ကို အခန်း တစ်ခု ရဲ့  အရှေ့ကို ခေါ်လာခဲ့သည်။ ထို့နောက် ဝိတ်တာ ကောင်လေး က သူဘက်သို့ လှည့်လာကာ

"အထဲမှာ သခင်လေးရှိပါတယ်ဗျ "

မင်းခန့်  တံခါးကိုဖွင့်ကာ ဝင်လိုက်တော့ ကောင်လေးက ခြေထောက်နှစ်ဖက်ကို ချိတ်ကာ အရက်ခွက်ကို  ဟန်ပါပါနဲ့ ကိုင်ထားကာ တစ် ငုံချင်း သောက်နေတာကို  တွေ့လိုက်ရသည်။

ချစ်ခြင်း သစ္စာ Where stories live. Discover now