"ငါတကယ် အဲ့လို ရည်ရွယ်ခဲ့တာမဟုတ်ပါဘူးဆိုနေကွာ... "
"ဒါပေမယ့် ကိုကိုအရမ်းလွန်တယ်လေ..."
ရှိုင်း အခုမှ နောင်တရနေတဲ့ပုံနဲ့ ဧည့်ခန်းထဲမှာ တစ်နေကုန်လုံး ငူငူငိုင်ငိုင် ထိုင်နေတဲ့ ကိုကို့ကို ကြည့်ပြီး သက်ပြင်းချကာ ခေါင်းခါမိတယ်။ ညကကြ လုပ်ချင်ရာတွေလုပ်ပြီးတော့ မနက်ကျမှ သူလုပ်မိတာတွေကို နောင်တရပါတယ်ဆိုပြီး ဧည့်ခန်းထဲမှာ ငုတ်တုတ်ထိုင်နေတယ်လေ....
"ထိပ်ထိပ်ရယ်...ဒါမင်းအမှားမှ မဟုတ်ပဲ။ မင်းလည်း ကိုယ့်ညီကိုယ် စိတ်မလိုအားမရတွေ ဖြစ်သွားတာနေမှာပါ...."
လပြည့် မနက်တည်းက မျက်စိပျက်၊မျက်နှာပျက်ဖြစ်နေတဲ့ ထိပ်ထိပ်ကိုကြည့်ပြီး စိတ်မကောင်းဘူးရယ်။ ပြောလို့သာ ပြောရတာ ထိပ်ထိပ်လုပ်ရပ်ကလည်း တော်တော်လွန်တယ်....
"ကျွန်တော်တို့ စီစဉ်ထားတာက ရှိန်းကို မနေ့ကပဲ ဒေါ်သူဇာသေတဲ့အမှု အရှင်းပိတ်သွားပြီမို့ စိတ်ပူစရာမလိုတော့ကြောင်းပြောမယ်။ ပြီးရင် သူ့ကို စိတ်လေးနည်းနည်းပျော်သွားအောင် နှစ်သိမ့်ကျမယ်ပေါ့။ တကယ့်တကယ်လည်းကြရော ကိုကိုက စီစဉ်ထားတဲ့အတိုင်း မလုပ်ဘဲ ဝူးဝူးဝါးဝါးတွေ ထလုပ်ရော...."
"ကျစ်! ငါတကယ်အဲ့လို လုပ်ဖို့မရည်ရွယ်တာပါဆိုနေကွာ။ ငါ့ကိုယ်ငါတောင် အဲ့လိုလုပ်ခဲ့တာအတွက် မယုံနိုင်ဘူး.…"
"ကဲပါ။ ထားလိုက်ပါတော့။ ကိုသုတနဲ့ ဝေဟင်လေးတို့က ရှိန်းကိုကြည့်ကျပ်ချော့မယ်လို့တော့ ပြောသွားတာပဲလေ...."
လပြည့် စိတ်မကောင်းဖြစ်နေတဲ့ ကလေးတွေကို အခြေအနေကြည့်ပြီးသာ နှစ်သိမ့်ပေးရတယ်။ သူတို့ကိစ္စတွေ ပြီးသွားလို့ အခြားဟာတွေ အားလုံးပြီးပြီထင်နေခဲ့တာ။ ခုတော့ နောက်ပြဿနာအသစ်တွေက ပေါ်လာပြန်ပြီ။ သူတို့ မင်္ဂလာပွဲကိုလည်း နည်းနည်းလောက် ထပ်နောက်ဆုတ်ကြရအောင်ဆိုလို့ ထပ်ပြီး နောက်ဆုတ်လိုက်ရသေးတယ်။ ပြဿနာတွေ မြန်မြန်ပြီးဖို့သာ ဆုတောင်းရမှာပေါ့....
-
-
-
"ရှိန်းရယ်....တိတ်ပါတော့။ မျက်လုံးတွေလည်း ဖောင်းကားနေပြီ။ မင်းအဂ္ဂိကို ယုံတယ်မလား။ မင်းပြောသလိုပဲ သူလာမှာပါ...."
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........