Part 22

2.1K 178 38
                                    

သုံးလရှိပြီ။ အချိန်တွေသာ ပိုပိုကြာလာတယ်။ အဂ္ဂိဆီက ဘာသတင်းမှ မကြားရသေးဘူး။ သူကိုယ်တိုင်လည်း စားမဝင်၊အိပ်မပျော် ဖြစ်နေတာကြောင့် တဖြည်းဖြည်း ယိုင်နဲ့နေပြီ။ သူ့ကြောင့် တစ်အိမ်လုံးစိတ်ဆင်းရဲနေရတာကို သိတယ်။ ဒါပေမယ့် သူဘာလုပ်နိုင်မှာလဲ။ သူ့စိတ်ထဲမှာ တစ်နေ့တစ်ခြား ပိုပိုစိုးရိမ်လာတာကလွဲ ဘာမှမတွေးနိုင်တော့ဘူး.....

ကျွီ.....

"ကိုကို....ရှိုင်း...."

ရှိန်း ပြတင်းပေါက်နားမှာ ထိုင်နေတုန်း ခေါင်းအုံးတစ်ယောက်တစ်လုံးစီ ပိုက်ကာ အခန်းထဲ ဝင်လာတဲ့ ကိုကိုနဲ့ ရှိုင်းကြောင့် ရှိန်းမျက်နှာပေါ်က မျက်ရည်တွေကို သူတို့မမြင်အောင် အမြန်ဆုံးသုတ်လိုက်တယ်.....

"ဘာလာလုပ်ကြတာလဲ...."

"လာအိပ်တာပေါ့...."

ထိပ်တန်း သုံးလအတွင်း တော်တော်ကိုပိန်ကျသွားတဲ့ ညီဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ဒီပုံစံအတိုင်းသာဆို ဒီ‌ကောင်လေး အိပ်ရာထဲ လဲသွားလိမ့်မယ်....

"ဟာ...မလိုပါဘူး။ ကိုကြီးလပြည့်နဲ့ ဝေဟင့်ကိုသာ သွားဂရုစိုက်ကြပါ...."

"မရှည်စမ်းပါနဲ့။ ဟိုဘက်တိုး...."

ရှိန်း သူပြောတာကို နားမထောင်ပဲ သူ့ကို အလယ်မှာထားပြီး ဘေးနှစ်ဖက်ကနေ အတင်းတိုးတက်နေတဲ့ နှစ်ယောက်ကြောင့် လူက အသားညှပ် ပေါင်မုန့်ဖြစ်တော့မယ်....

"ငါ တကယ်အဆင်ပြေတယ်။ ကိုကို...ကျွန်တော် တကယ်အဆင်ပြေတာပါဆိုနေ...."

"အိပ်စမ်းပါ...."

ရှိန်း သူပြောတာကို တစ်ယောက်မှ နားမထောင်တဲ့အပြင် သူ့ကိုအတင်းလှဲအိပ်ခိုင်းနေတဲ့ ရှိုင်းကြောင့် ပြောမရတဲ့အဆုံး နှစ်ယောက်ကြားထဲမှာပဲ လှဲအိပ်‌လိုက်တော့တယ်....

သုံးယောက်လုံး အချိန်တော်တော်ကြာ ဘေးချင်းကပ်လှဲအိပ်နေ‌ပြီး သုံးယောက်လုံး မျက်လုံးတွေဖွင့်ကာ မျက်နှာကျက်ကို ပြိုင်တူ ကြည့်နေကြပေမယ့် တစ်ယောက်ဆီကမှ အသံမထွက်လာပဲ တိတ်ဆိတ်နေတော့တယ်......

Love Curse ( အချစ်ကျိန်စာ ) Season 3 Where stories live. Discover now