Part 21

1.9K 175 33
                                    

"အရိပ်....."

အဂ္ဂိ သူ့မျက်လုံးတွေကိုတောင်မယုံနိုင်ဘူး။ သူ့ရဲ့ တစ်ဦး‌တည်းသော သွေးသားတော်စပ်သူကို ပထမဆုံးအနေနဲ့ အသွေး‌အသားတည်ဆောက်ပုံနဲ့ မြင်တွေ့လိုက်ရတာမို့ တော်တော်ကို ဝမ်းသာမိတယ်။ ဒါပေမယ့် အရိပ်ရဲ့ အမူအရာကတော့ စိတ်မကောင်းစွာပဲ သူ့ကို သဘောကျပုံမပေါ်ဘူး။ သူစိတ်ထင်တာဖြစ်မှာပါ....

"အရိပ်...မင်း ခန္ဓာပိုင်သွားပြီပဲ...."

အရိပ် သူ့ရှေ့က ဝမ်းသာချင်ယောင်ဆောင်ပြနေတဲ့ အဂ္ဂိကိုကြည့်ပြီး ပြုံးမိတယ်။ မပြုံးစဖူး ပြုံးပြပြီး သူ့အတွက်ဝမ်းသာပါတယ်ဆိုတဲ့ ပုံစံမျိုးဖမ်းချင်နေတာလေ....

"ဟက်! အဲ့တော့ မင်းမကျေမနပ်ဖြစ်နေတာမဟုတ်လား...."

"မင်းဘာကိုဆိုလိုတာလဲ။ မင်းက ငါ့အကိုပါ..."

အဂ္ဂိ အရိပ်ရဲ့ အမူအရာတွေကို ကြည့်ပြီး တဖြည်းဖြည်း စိတ်ပူလာတယ်။ သူထင်ထားတဲ့အတိုင်း၊ သူစိတ်ပူတဲ့အတိုင်း ဖြစ်လာခဲ့ရင် သူခံစားနိုင်ပါ့မလားဆိုတာ မသေချာဘူး....

"အဲ့တာဆိုလည်း ညီလေးက စကားနားထောင်သင့်တာပေါ့။ ငါသိချင်တာလေးရှိနေလို့။ ရှိန်းရော......"

"ရှိန်း......"

သေချာသွားပါပြီ။ အရိပ်က ခန္ဓာတင်ပြောင်းလဲသွားတာမဟုတ်ဘဲ စိတ်ပါပြောင်းလဲသွားပြီ။ အဲ့လိုတွေ ဖြစ်လာအောင် ဖွားဖွားကြိုးကိုင်လိုက်ပြီပဲ....

"ငါမေးနေတာကိုလည်း ဖြေပါဦး။ ရှိန်းရော..."

"သူနဲ့ မင်းက ဘာမှမဆိုင်ဘူး အရိပ်။ သူက ငါ့လူ...."

"ဟား....ဟား...ဟား..."

အဂ္ဂိ သူ့ကိုလှောင်ရီနေတဲ့ အရိပ်ကိုကြည့်ပြီး ရင်ဘက်ထဲမှာ နာကျင်မိတယ်။ အရင်ထဲက သူ့နားမှာ လူများများစားစားရှိခဲ့တာမဟုတ်ဘူး။ ပထမဆုံး ဆုံးရှုံးရမယ့်သူက သူ့ရဲ့တစ်ဦးတည်းသော သွေးသားရင်းချာဖြစ်တဲ့ အရိပ်တဲ့လား.....

"မင်းလူက ငါ့လူပဲ မဟုတ်ဘူးလား အဂ္ဂိ..."

"အရိပ်...ငါတို့က ညီအကိုတွေပါ။ မင်း သေချာပြန်တွေးသင့်နေပြီ။ ငါ...."

Love Curse ( အချစ်ကျိန်စာ ) Season 3 Where stories live. Discover now