ရှိန်း အခန်းထဲမှာ တစ်ညလုံးစောင့်နေပေမယ့် အဂ္ဂိရဲ့အရိပ်အယောင်တောင်မတွေ့ရတာကြောင့် စိတ်ပူနေမိတယ်။ ပိုဆိုးတာက ညက ထွက်သွားတုန်းက အကျိုးအကြောင်း သေသေချာချာ ဘာမှမပြောပြဘဲ အလောတကြီးထွက်သွားတာဆိုတော့ ကျန်ခဲ့တဲ့လူက တော်တော်ကြီးကို စိတ်ပူနေပြီ......
"ကျစ်! လိုက်သွားမယ်ကွာ....."
ရှိန်း လိုက်သွားဖို့ပြင်လိုက်ပေမယ့်လည်း သေချာပြန်စဉ်းစားကြည့်တော့ ဘယ်ကိုလိုက်သွားရမှာလဲမှ မသိတာ....
"ဒုက္ခပါပဲ..."
ကျွီ....
"အဂ္ဂိ...."
ရှိန်း ကုတင်ပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်နေတုန်း တံခါးဖွင့်ကာ ရုတ်တစ်ရက်ကြီး ယိုင်နဲ့နဲ့ပုံစံနဲ့ ဝင်လာတဲ့ အဂ္ဂိကြောင့် ရှိန်းမှာ အလျင်အမြန်ထပြီး ကူတွဲပေးလိုက်ရတယ်....
"အဂ္ဂိ...ဘာဖြစ်လာတာလဲ။ အဆင်ပြေရဲ့လား။ မင်းလက်မှာ သွေးတွေ...."
"ငါသိတယ်...ဘာမှမဖြစ်ဘူး..."
"ဘာကို ဘာမှမဖြစ်ရမှာလဲ။ ဟာ...နှဖူးမှာရောပဲ။ ဘာဖြစ်လာတာလဲလို့...."
ရှိန်း မေးနေတာကို ကောင်းကောင်းမဖြေတဲ့ အဂ္ဂိကြောင့် ဒေါသကပိုထွက်လာပြီး မျက်ရည်ပါဝဲလာတယ်....
"ကျစ်! ဘာလို့ငိုတာလဲ ရှိန်းရာ..."
"ငါမငိုပါဘူး။ အဲ့ဒါဒေါသထွက်နေတာကွ! ဘာဖြစ်လာတာလဲလို့...."
"အသေးအမွှားပါ...ပျံနေရင်း ကောင်းကင်ပေါ်က ပြုတ်ကျတာ..."
"ဘာ! အဲ့တာအသေးအမွှားဖြစ်မလားကွ! ပြစမ်း! ဆေးထည့်ရမယ်...မဟုတ်သေးပါဘူး။ မင်းယတ်လေကွာ..."
"အဲ့တာက အရေးမကြီးဘူး။ အဲ့တာထက်အရေးကြီးတာရှိနေတယ်...ဖယ်ဦး..."
ကျွီ....
ရှိန်း သူ့ကို တွန်းထုတ်ကာ ကုတင်အောက်က ကနုတ်ပုံအပြည့်ဖော်ထားတဲ့ ကျွန်းသေတ္တာကြီးကို ဆွဲထုတ်နေတဲ့ အဂ္ဂိကြောင့် အမြန်ကူပြီး ဝိုင်းဆွဲပေးလိုက်တယ်....
"မင်း ဘာလုပ်နေ...."
ဒုန်း!
"အဟွတ်! အဟွတ်! ဘာတွေလဲ...."
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........