Part -(16)U

1.3K 36 4
                                    

ညီက ကိုမင်းခန့် လို့ ပြောလာတဲ့ အခါ မင်းခန့်ရဲ့ ရင်ထဲ တွင် စူးနင့်လာရသည်။ မင်းခန့်က အပြင် ပိုင်းတွင်တော့ ရုပ်က မပြောင်း မလဲ တည်တည်ငြိမ်ငြိမ် ဖြစ်နေပေမယ့် ရင်ထဲတွင်တော့ တော်တော့်ကို ကမ္ဘာပျက်မတက်ဖြစ်နေသည်။

မင်းခန့် သူ့ရဲ့ စိတ်ကို လျှော့ချကာ ညီ့ကိုကြည့်လိုက်သည်။

"အစ်ကို အခု  ဂျူဒို ပညာရပ် အကြောင်းရှင်းပြမယ်

ဂျူဒို ဆိုတဲ့ စကားလုံးက အရင်တုန်းက ဂျူဂျစ်ဆု ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာ ညီ ။

နောက်ပြီး ဂျူဒိုပညာက လူလူချင်းထိတွေ့ တိုက်ခိုက်တဲ့ နေရာမှာ အသုံးချလို့လဲ ရတယ့် ပညာရပ် တစ်ခု ဘဲ ။

ဂျူဒို ကို  မြန်မာလို ဖွင့်ဆိုမယ်ဆိုရင် 'သိမ်မွေ့သော လမ်းကြောင်းပညာ'ဆိုပြီး အဓိပ္ပါယ်ဘဲ ညီ"

"ဟုတ် ။ ဒါနဲ့ ကိုမင်းခန့် ကို မေးချင်တာက ဂျူဒို နဲ့ တိုက်ကွမ်ဒိုနဲ့ ဘာကွာလဲ"

ညီက ကိုမင်းခန့်လို ထပ်ခေါ်လာပြန်သည်။ မင်းခန့်က စိတ်ခံစားချက်ကို မျိုသိပ်ကာ

"ဂျူဒို က ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ အတွက် အသုံးပြုချဖို့ အကောင်းဆုံးဘဲ

နောက်ပြီး ဂျူဒိုက စိတ်ဓာတ်ကို အားကောင်းစေတဲ့ အပြင်  ကြောက်ရွံ့မှုတွေကိုလဲ ဖယ်ရှာပေးတယ်

ရှင်းရှင်းပြောရရင် ဂျူဒိုက စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ခုခံကာကွယ်ဖို့ အတွက် အဓိက သုံးတယ်"

မင်းခန့်က ဂျူဒို အကြောင်းရှင်းပြလိုက်တော့ ညီက ထပ်မေးလာသည်။

"အဲ့ဒါဆို တိုက်ကွမ်ဒိုကရော ဘာအတွက်သုံးရမှာလဲ "

"တိုက်ကွမ်ဒိုက  ထိုးစစ်စွမ်းရည်ရှိတဲ့ ကိုယ်ခံပညာတစ်ခုဘဲ ။ တစ်ချိန်တည်းမှာဘဲ လက်နက်မပါဘဲ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အတွက် ထိရောက်တဲ့ နည်းစနစ်ဖြစ်တယ်"

လမ်းဘေးတိုက်ပွဲတွင်ပင် လက်တွေ့ကျပြီး အသုံးဝင်တယ်ညီ"

"နားလည်သွားပြီ အစ်ကို"

---------------------------------------------------------

မင်းခန့် ညီ့ကို လေ့ကျင့် ပေးပြီးတဲ့ အခါမှာ ညီ က  သူ့ကို တောင် မနှုတ်ဆက်တော့ဘဲ ချက်ချင်း ထွက်သွားမလို့ လုပ်နေသည်။ မင်းခန့် ညီ့ရဲ့ လက်ကို လှမ်းဆွဲလိုက် တော့ ညီက ဆက်မသွားတော့ဘဲ ရပ်သွားကာ သူ့ဘက်သို့  လှည့်လာသည်။

ချစ်ခြင်း သစ္စာ Where stories live. Discover now