မဟာ ကားထဲကို ဝင်ထိုင်လိုက်တော့ အစ်ကို့ကိုတွေ့လိုက်ရသည်။ သူလွမ်းဆွတ်နေ တဲ့ အစ်ကို့ကို တွေလိုက်ရတော့ ပျော်သွားပေမယ့် အစ်ကိုက သူ့ကို မကြည့်ဘဲ ကားကိုသာ မောင်းထွက်သွားသည်။မဟာရဲ့ ရင်ထဲ စို့နင့်လာရသည်။ အစ်ကိုက သူ့ကို စိတ်ဆိုးနေတုန်းလား။ ဒါဆိုရင် အစ်ကိုက သူ သဘောကျသလို အစ်ကိုက သူ့ကို ပြန်ပြီးသဘောမကျဘူးပေါ့ ။ သူချစ်သလိုလဲ အစ်ကိုက မချစ်ဘူးပေါ့ ။ မဟာ့ရဲ့ မျက်ဝန်းထဲတွင် မျက်ရည်များ ဝေ့သီလာခဲ့သည်။
အစ်ကို မချစ်လည်း ရတယ်။ အစ်ကို ပြန်ချစ်လာအောင် ကြိုးစားမှာပေါ့။ ဒါပေမယ့် နောက်ဆုံးအချိန်ထိ ပြန်မချစ်ခဲ့ရင်ရော ။ ပြန်မချစ်ဘဲ မုန်းသွားမယ်ဆိုရင် အစ်ကိုနဲ့ အတူတူ မနေနိုင်တော့ဘူး။ သူ ဒီလို အဖြစ်မခံပေ ။
"အစ်ကို"
မဟာ အသံ တိုးတိုးလေးနဲ့ အစ်ကို့ဘက်သို့ လှည့်ကာပြောလိုက်တော့ အစ်ကိုက သူ့ဘက်သို့ မလှည့်လာဘဲ အသံဖြင့်သာ ထူးသည်။
"ဟင် "
"ကားခဏရပ်ပေး အစ်ကို"
"ဘာဖြစ်လို့လဲ ညီ"
မင်းခန့်မေးလိုက်တော့ ညီရဲ့အသံက အနည်းငယ်ေလး ကျယ်လာကာ
"ကားသာ ရပ်ပေးပါ"
မင်းခန့် ညီပြောတဲ့ အတိုင်း ကားကို ရပ်ပေးလိုက် တော့ ညီက သူ့ဘက်သို့ လှည့်လာကာ
"အစ်ကို"
"ဘာလို့ ကားရပ်ခိုင်းရတာလဲ ညီ"
"မ နေ့က ကိစ္စကို အစ်ကို ဘာမှ မခံစားရဘူးလား"
မင်းခန့် နည်းနည်းတော့ ရှက်မိသည်။ မနေ့က ကိစ္စကိုမဖြစ်တော့ သလို မေ့လိုက်တဲ့ ပုံစံမျိုးနေ နေပေမယ့် ညီက အခုလို မျိုး တိုက်ရိုက်ကြီး မေးလာလိမ့်မယ်လိုတော့ မထင်မိပေ။ မင်းခန့်က သူ့ခံစားချက်တွေတော့ ထုတ်ဖော် မပြချင်ပါ။
"ဘာကို ခံစားရမှာလဲ ညီ"
မင်းခန့်ပြောလိုက်တော့ ညီ့ရဲ့ မျက်ဝန်းထဲ၌ မျက်ရည်စများကို တွေ့လိုက်ရပေမယ့်အောက်သို့ စီးကျမလာခဲ့ ပေ။
YOU ARE READING
ချစ်ခြင်း သစ္စာ