ဖလပ်! ဖလပ်! ဖလပ်!
"အာ့! ဖြည်းဖြည်းသာသာချပါ....."
သူ့ကိုချီပြီး ပျံသန်းလာရာကနေ ရဲတိုက်ရှေ့ရောက်တာနဲ့ အသာအယာလေးချပေးရမယ့်အစား အောက်ကို ပစ်ချလိုက်တဲ့ အဂ္ဂိကြောင့် ရှိန်းဖင်ထိုင်ရက်ပြုတ်ကျပြီး မှီးညှောင့်ရိုးတော်တော်ကို အောင့်သွားတယ်........
"ဖြည်းဖြည်းချပေးရမယ်ဟုတ်လား....မင်းကို ကောင်းကင်ပေါ်က ပစ်မချတာနဲ့တင် ငါ့ကို ကျေးဇူးတင်သင့်တယ်......"
"အဂ္ဂိ......ငါ့ကို အဲ့လိုတော့ မပြောပါနဲ့...ငါဝမ်းနည်းတာပေါ့...."
တမင်သပ်သပ် မျက်ရည်မကျ ကျအောင် ညှစ်ထုတ်နေတဲ့ ရှိန်းကို ကြည့်ပြီး အဂ္ဂိမဲ့မိတယ်။ မူယာမာယာများဖို့ဆို ဘယ်သူမှသင်ပေးစရာ မလိုပဲ တက်နေတာ.......
"မင်းအကြောင်းကို မင်းထက်ငါသိတယ် ရှိန်း...ငါက မင်းကို သနားလို့ အခွင့်အရေးတွေ အများကြီးပေးခဲ့တာ...ခုတော့ ဘာအခွင့်အရေးမှ ရဖို့မစဉ်းစားနဲ့တော့...."
"အာ့! အဂ္ဂိ....ငါ့လက်နာတယ်! ဖြည်းဖြည်းလျှောက်ပါ။ ငါက မင်းခြေလှမ်းတွေကို ဘယ်လိုလုပ်အမှီလိုက်နိုင်မှာလဲ....."
ရှိန်း သူရဲ့လက်ကို ဆောင့်ဆွဲကာ ခြေလှမ်းကျဲကြီးတွေနဲ့ သူတို့နေတဲ့အထပ်ကို တက်နေတဲ့ အဂ္ဂိကြောင့် ရှိန်း ခြေထောက်တွေက အဂ္ဂိရဲ့ ခြေလှမ်းကို မမှီ မှီအောင် အတင်းလုပ်ယူနေရတယ်..........
"အဂ္ဂိ!!! တော်တော့! ငါမလျှောက်နိုင်တော့ဘူး။ မင်းငါ့ကို ဆူချင်တယ်ဆိုလည်း နောက်မှသာ ဆူတော့။ မင်းစိတ်ကိုမင်း အရင်ထိန်းသင့်တယ်....."
"ငါ့စိတ်ကို ငါထိန်းရမယ် ဟုတ်လား....."
ခြေလှမ်းတွေကို ရပ်ပစ်လိုက်ပြီး ကိုယ့်မျက်နှာနားကပ်လာကာ အေးစက်နေတဲ့လေသံနဲ့ ကိုယ်ပြောတဲ့စကားကို ရွဲ့သလို ပြန်ပြောနေတဲ့ အဂ္ဂိရဲ့ မျက်လုံးတွေက ပုံမှန်ထက် ပိုမိုနီရဲနေတဲ့အပြင် မီးစလေးတွေကိုပါ မြင်လိုက်ရတာကြောင့် ရှိန်း တော်တော်ကို လန့်သွားတယ်......
"အဂ္ဂိ....မင်းစိတ်ကို အရင်ထိန်းသင့်တယ်။ ငါတောင်းပန်တယ် ဟုတ်ပြီလား။ မင်းစိတ်တည်ငြိမ်မှ ငါ့ကိုဆူနော်...နော်...."
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........