နောက်ပိုင်း ရှောင်းနဲ့ရိပေါ်က တော်တော်လေးရင်းနှီးလာခဲ့ကြတယ်
ရိပေါ်အိမ်မတ်တွေကတော့ အရင်တိုင်းမတ်နေဆဲပါပဲ
**********************************************
''ရိအာ ကိုယ်အပင်ပေါ်ကခူးပေးမှာပေါ့ကွာ''
''ဟင့်အင်း ကြွေကျထားတဲ့ ပန်းတွေအများကြီးရှိပါတယ်''
''ရိအာက ပန်ချင်တာမလား ပန်ဖို့ကအပင်ပေါ်ကဟာ ပိုကောင်းမှာပေါ့''
''အပင်ပေါ်ကပန်း ဖြစ်စေ ကြွေကျပြီးသားပန်း ဖြစ်စေ သူတို့လေးတွေက ပန်းခြင်းအတူတူပဲ ကြွေကျသွားပြီးရင်တောင် သူတို့တွေက စကားပန်းတွေဖြစ်နေအုံးမှာပဲ လေရှောင်ပိုင်ရဲ့''
''ဟုတ်ပါပြီဗျာ ကိုယ်ကမသိလို့ပြောမိတာပါ''
''အင်း လာ...ပန်းကောက်ရအောင်''
''ဒီမှာတစ်ပွင့် ရိအာ''
ရှောင်ပိုင်က စကားပန်းလေးကို ရိအာလေးခေါင်းကိုပန်ပေးလိုက်တယ်
ရိအာကလဲ ရှက်ပြုံးလေးပြုံးတယ်
''ရိအာက စကားပန်းလေးပန်ထားရင်ပိုလှတယ်''
''အွန်း ရိအာလဲ စကားပန်းတွေကိုသဘောကျတယ်''
**********************************************
''သားဝမ် ဒီနေ့ဘယ်မှသွားစရာမရှိဘူးလား''
''ဟုတ် မား''
''အဲ့တာဆိုမားကို စတိုခန်းလေးရှင်းပေးပါလားကွယ်''
''ကြွက်တွေဝင်ကိုက်နေမှာဆိုးလို့ မရှင်းရတာကြာပြီလေ''
''အခုလား မား''
''အေးအေး အခု''
''ဟုတ်ကဲ့''
ရိပေါ်လဲစတိုခန်းရှင်းဖို့အိမ်ပေါ်ကနေဆင်းလာလိုက်တယ် စတိုခန်းထဲကိုရောက်တော့ သိပ်တော့ရှုပ်ပွနေခြင်းမဟုတ်
မလိုတဲ့ပစ္စည်းလောက်သာ ထည့်ထားတာကြောင့် ရိပေါ်က ပွနေတဲ့ပစ္စည်းလောက်ကိုရွှေ့ပြီးနေရာချသည်
တစ်နေရာအရောက်တော့ သေတ္တာလေးတစ်လုံးကိုရိပေါ်မထင်မှတ်စွာတွေ့လိုက်သည်
ရိပေါ်ထိုသေတ္တာလေးကိုစိတ်ဝင်စားမိတာကြောင့် စတိုခန်းရှင်းပြီးသွားတော့အခန်းကိုယူလာလိုက်သည်
အိပ်ယာဘေးကစာရေးခုံပေါ်ကိုတင်လိုက်ပြီး အိပ်ယာပေါ့ကိုလှဲချလိုက်သည်
ထိုအချိန်မှဖုန်းကိုသတိရပြီး ကောက်က်ုင်လိုက်တော့
ဖုန်းအဝင်ကောတွေနှစ်ခုသုံးခုဝင်ထားတာတွေ့လိုက်တာကြောင့်
တခြားတစ်ဖတ်ကိုဖုန်းပြန်ခေါ်လိုက်သည်
တစ်ဖတ်ကချက်ချင်းဖုန်းကိုင်သည်
''ဟလို ရှောင်း Sorry ပါနော် ခုနကဖုန်းနားမှာကျွန်တော်မရှိလို့''
''ရပါတယ် ရိပေါ်ရဲ့''
''ရှောင်း ဘာကိစ္စရှိလို့လဲဟင်''
''ရိပေါ်ကို အကိုက ကစ္စရှိမှာဖုန်းခေါ်ရမှာလားဟင်''
''အာ...အဲ့လိုမဟုတ်ဘူးလေဗျာ''
''အဟား...ဟုတ်ပါပြီ အကိုကစလိုက်တာပါ''
''အဟီး''
''ဒီတိုင်း ရိပေါ်ကိုလွမ်းလို့''
''ဗျာ....''
ထိုအချိန်ရိပေါ်ရင်ထဲလှုပ်ခက်သွားတယ် ရိပေါ်ရင်ခုန်သွားခြင်းလား။
''အကောင်းပြောတာ အကိုတို့မတွေ့ရတာဘယ်လောက်ကြာပြိီလဲကွာ''
''ဟုတ်သားနော်''
''အကိုတို့စကားကွင်းကိုသွားကြမလား ဟိုတစ်ခါရိပေါ်သွားချင်တယ်ပြောထားတာ အကိုလိုက်ပို့ပေးလေ''
''တကယ်လား ရှောင်းလိုက်ပို့မှာ''
''အင်း တကယ်''
''အဲ့တာဆို ဘယ်ချိန်သွားကြမလဲဟင်''
''မနက်ဖြန်ကြရင် ရိပေါ်ကို အကိုလာခေါ်မယ်''
''ဟုတ်ကဲ့''
ရိပေါ်ဖုန်းလဲပြောပြီးကော ဖုန်းကိုရင်ဘက်ပေါ်တင်ပြီး ပြုံးမိတယ်
သူ့ကိုသူလဲဇဝေဇဝါဖြစ်မိပါရဲ့
ရှောင်းဆိုတာက သူငယ်ငယ်လေးထဲကမတ်ခဲ့ရတဲ့ အိမ်မတ်ထဲကသိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးထဲကကောင်လေး
ရိပေါ်သိသလောက် အိမ်မတ်ထဲကကောင်လေးနဲ့ ရှောင်းမှာဆိုရင်
ရှောင်းက ဘယ်ဘက်နှုတ်ခမ်းအောက်ကမှဲ့နက်လေးတစ်လုံးပိုနေတာပဲရှိပါတယ်၊
ရုပ်ကတော့ တစ်ပုံစံထဲတူတယ်။ရိပေါ်ရှောင်းကိုအိမ်မတ်ထဲကကောင်လေးဖြသ်လဲဖြစ်စေချင်ပါတယ်၊ဖြစ်လဲမဖြစ်စေချင်ဘူး။
ရှောင်းသာသူ့အိမ်မတ်ထဲကကောင်လေးဖြစ်ခဲ့ရင်သူပျော်မိမှာမှန်ပေမယ့် အဲ့အချိန်ကြရင် အိမ်မတ်ထဲကကောင်မလေးပေါ်လာရင်ဘယ်လိုလုပ်မလဲ
အာ...ဟုတ်သား ရိပေါ်နဲ့ရှောင်းနဲ့ကဘာမှမဆိုင်တာ
YOU ARE READING
အတိတ်ဖူးစာ