Part - (14) U

1.9K 43 4
                                    

မင်းခန့် ညီ့ကို ညနေ ခြောက်နာရီ ကတည်းက ခြံထဲမှစောင့်နေတာဖြစ်သည်။ ညီက တစ်ခါမှ ညနေဘက်အထိ အပြင်မှာ မနေဖူးဘူးပင်။ သူစောင့်နေတာ အခုဆိုရင် ကိုးနာရီတောင် ခွဲလို့ ဆယ်နာရီတောင် ထိုးတော့မည်။

မင်းခန့် ညီ့ကို စောင့်နေတုန်းမှာ သူ့ အနားသို့ တစ်ယောက်ယောက် လာနေတဲ့ ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ အိမ်တော်ထိန်းဖြစ်နေသည်။

"မောင်ရင် မအိပ်သေးဘူးလား"

"ညီ မပြန်လာသေးလို့ စောင့်နေတာ ပါ ဦးလေး"

"သခင်လေးက ဒီနေ့ည အိမ်တော်ကို ပြန်မအိပ်ဘူး မောင် "

မင်းခန့် နည်းနည်းတော့ ထိပ်ပြာသွားသည်။

"ဘာလို့ ပြန်မအိပ်တာလဲ"

အိမ်တော်ထိန်း က မျက်မှန်ကို နည်းနည်းပင့်တင်ကာ

"မမလေးရတီတို့ အိမ်မှာ အိပ်မှာပါလို့ ပြောထားလို့ပါ အဲ့ဒါကြောင့် မောင်ရင် အိမ်ထဲဝင်ပြီး နားလို့ရပါပြီ"

"ဟုတ်ကဲ့ပါ ဦးလေး"

မင်းခန့် စိတ်ဓာတ်ကျစွာပင် အိမ်ထဲသို့ ဝင်လာရသည်။ ညီ့ကို မနက်ပိုင်းလေးဘဲ တွေ့ရပြီး တစ်နေ့လုံး မတွေ့ရသေးတော့ ရင်ထဲမှာ ဟာတာတာနဲ့ တစ်ခုခု လိုနေသလို။

နောက်ပြီး ညီ က ရတီနဲ့ နှစ်ယောက်တည်း အပြင်သွားတာ သွားတဲနေရာကလည်း ဘားဆိုတော့ ...........။ ညီ့ကို မယုံကြည်တာမဟုတ်ပေမယ့် ရတီဆိုတဲ့ မိန်းကလေးကတော့ တအားကို အဆိပ်ပြင်းတဲ့ မိန်းမ ဖြစ်တဲ့ အတွက် ညီ့ကို တစ်ခုခု နဲ့ ..........။ မဖြစ်ဘူး..... မဖြစ်ဘူး ..........။ ဒါပေမယ့်လဲ သူဘာတတ်နိုင်မှာလဲ အခု ညီက အိမ်ပြန်မအိပ်ဘဲ ရတီရဲ့ စံအိမ်မှာ အိပ်တယ်ဆိုကတည်းက အဲ့ဒါ သူမရဲ့ ပယောဂ မကင်းလောက်ပေ။

မင်းခန့် အိပ်‌တော့မယ့် အချိန်မှာ ဘုန်းမြတ်ဆီက နေ ဖုန်းက ဝင်လာလေသည်။ မင်းခန့် ကိုင်လိုက်တဲ့ အချိန်မှာ ဘုန်းမြတ်က ဝမ်းသာအားရ ဖြစ်စွာ ပြောလာသည်။

"ကိုမင်းခန့် ကို ဝမ်းသာစရာ သတင်း တစ်ခု ရှိတယ် သဲလွန်စ နောက်တစ်ခု ရလာတယ်"

မင်းခန့် ထထိုင်လိုက်မိသည်။

"ဘယ်လို သဲလွန်စလဲ"

ချစ်ခြင်း သစ္စာ Where stories live. Discover now