Part 17

2.2K 160 33
                                    

ကုဒါရီ အောက်ဆုံးထပ်ရဲ့ အတွင်းကျကျနေရာကိုသွားလိုက်ပြီး မန္တာန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်တယ်။ သူမန္တာန်ရွတ်ပြီးတာနဲ့ သူ့ရှေ့က နံရံကြီးကနေ တံခါးအသွင်ပြောင်းသွားပြီး ချက်ချင်းပွင့်သွားကာ အဆုံးကိုတောင်မမြင်ရတဲ့ ကြောင်လိမ်လှေကားကြီး ပေါ်လာခဲ့တယ်.......

"လာ...."

"အေးပါ...."

ကုဒါလ ညီမဖြစ်သူရဲ့ နောက်ကနေလိုက်သွားရပေမယ့် စိတ်ထဲမှာ ခပ်လေးလေးဖြစ်နေတယ်။ ဖွားဖွားသူ့ကိုမြေအောက်ခန်းခေါ်တဲ့ အချိန်က တစ်ချိန်ပဲ ရှိတယ်.......
-
-
-
"ဟင်....ဟင်း.....ဟင်း....ဟင်း......"

ကိန်နရီ မန္တာန်တေးသွားအချို့ကို ငြီးကာ သူ့ရှေ့က မှော်ဆေးရည်အိုးကြီးကို မွှေနေလိုက်တယ်။ ဒီဆေးရည်အိုးကြီးသာ ‌ဖော်စပ်လို့အောင်မြင်သွားရင် ကိန်နရီဆိုတဲ့သူက ဘယ်အရာကိုမှမှီခိုစရာမလိုတော့ဘဲ ထာဝရနုပျိုမှု၊ ထာဝရအသက်တို့ကို ပိုင်ဆိုင်ရတော့မှာလေ။ အဲ့ကြရင် သူက အင်အားအကြီးဆုံးဖြစ်လာပြီး hybrid တွေရဲ့ ဧရိယာ အားလုံးကို သူ့လက်အောက်မှာ ရုပ်သေးရုပ်လေးတွေလိုပဲ ထိန်းချုပ်နိုင်သွားပြီ.........

"ဖွားဖွား ကုဒါလ ပါလာပြီ...."

ကိန်နရီ ကုဒါရီရဲ့စကားကို ကြားတာနဲ့  ဆေးအိုးမွှေနေတဲ့ ယောင်းမကြီးကို ဘေးချကာ ကုဒါလ နားကို သွားလိုက်တယ်......

"ဖွားဖွား....."

ကုဒါလ သူ့ဆီတည့်တည့်လျှောက်လာတဲ့ ဖွားဖွားကြောင့် ဂါဝန်စကိုသာ လက်နဲ့တင်းတင်း ဆုပ်ထားလိုက်တယ်......

"ရော့.....နင် ဘာမြင်လဲ ပြော...."

"ရှင်...."

ကိန်နရီ သူ့ရဲ့လက်ထိုးပေးလိုက်တာတောင် ဘာမှမသိသလို လုပ်ပြနေတဲ့ ကုဒါလကို ကြည့်ပြီး တော်တော်ကို စိတ်ကုန်မိနေပြီ....

"မင်းမှာ အသုံးဝင်တဲ့အရည်အချင်း များများစားစားရှိလို့လား...."

"ရှင်...အော်...ဟုတ်သားပဲ။ တောင်းပန်ပါတယ်...."

ကုဒါလ သူ့ရှေ့က ဖွားဖွားရဲ့ လက်ဖဝါးနှစ်ဖက်ပေါ်ကို သူ့လက်ဖဝါးတွေနဲ့ ထပ်ကိုင်ကာ မျက်လုံးကို အသာမှိတ်လိုက်ပြီး စိတ်ကို အတက်နိုင်ဆုံး စုစည်းလိုက်တယ်......

Love Curse ( အချစ်ကျိန်စာ ) Season 3 Where stories live. Discover now