Part - (13) U

1.8K 28 3
                                    

မဟာ ရတီနဲ့ အတူတူ  ဘားသို့ လာခဲ့ကြသည်။  ဘားကိုရောက်တဲ့ အခါကျတော့ရတီက မဟာ့ရဲ့ လက်မောင်းကိုချိတ်ကာ သူမရဲ့ သူငယ်ချင်းတွေရှိတဲ့ ဝိုင်းကို ရှာမတွေ့တဲ့ အတွက် ဝိတ်တာ ကောင်လေးကိုခေါ်ကမေးရလေသည်။

" ဟိုတစ်ယောက် ခဏ လောက် ဒီနားလာဉီး "

ဝိတ်တာကောင်လေးက ချက်ချင်းလာလေသည် ။

"' ဟုတ်ကဲ့ပါ အမ ဘာများဆောင်ရွက် ပေးရမလဲ အမ "

" ရွှေရတီဆိုပြီး ဘိုကင်တင်ထားတဲ့ နာမည်နဲ့ VIP ဝိုင်းကို တစ်ချက်လောက်လိုက်ပြပေးပါ”

“ ဟုတ်ကဲ့ ခင်ဗျ ကျွန်တော့်နောက်တစ်ချက်လောက် လိုက်ခဲ့ပေးပါနော်”

ဝိတ်တကောင်လေးရဲ့ ခေါ်ရာနောက်ကို မဟာနဲ့ ရတီတို့ နှစ်ယောက်က လိုက်လာခဲ့လိုက်သည်။ ထိုနောက် ကောင်မလေးရော ကောင်လေးတွေရော စုစုပေါင်း 8 ယောက်လောက်ရှိသည်ကိုတွေ့လိုက်ရသသည်။ တစ်ယောက်နှင့်တစ်ယောက် ပွတ်သီးပွတ်ထိုင်နေကာ တစ်ချို့ ကောင်မလေးတွေဆိုရင် ကောင်လေးတွေရဲ့ ပေါင်ပေါ်တောင်တက်ထိုင်နေကြတာကိုတွေ့လိုက်ရသည်။

ထိုအတွဲတွေက မိန်းကလေး တစ်ယောက်က ရတီ့ကို စကားစပြောကာ သူတို့ အရှေ့က ခုံကို ထိုင်ဖို့ ပြောလေသည်။

“ ရတီ ပါလား ။ လာ ထိုင်လေ ငါတို့က နင်လာမှ လာပါမလားလို့”

ထိုမိန်းကလေးက ပြောလာတဲ့ အခါ ရတီက မဟာရဲ့ လက်မောင်းကို ချိတ်ထားတာကို မဖြုတ်သေးဘဲ တွဲ လျက်ပင် ဝိုင်းမှာ ဝင်ထိုင်လေသည်။

“မလာလို့ ရမလား ။ ငါမလာရင် နင်တို့က ငါ့ကိုလှောင်ကြတော့မှာ ငါသိနေတယ်လေ အဲ့ဒါကြောင့် ငါက လာပေးရတာပေါ့ ။ လောင်းထားတဲ့ အတိုင်း ငါနိုင်ပြီနော် အဲ့ဒါကြောင့် ဒီဝိုင်းနင်တို့ ရှင်းရမယ်”

ရတီက ပြောလိုက်တော့ တစ်ဖက်မိန်းလေးက ‘ ဝေါင်း’ ဆိုပြီး အသံထွက်လာကာ

“ ရွှေရတီတို့များ နော်ကောင်လေး ချောချောလေးလဲ ရှိ ပိုက်ဆံက လည်းချမ်းသာ တာတောင် ငါတို့ဆီက နေ တောင် ကပ်သက်နေတာ နော် ။ စိတ်ချပါ ငါတို့ ရှင်းမှာပါနော်”

ချစ်ခြင်း သစ္စာ Where stories live. Discover now