အစ်ကိုထွက်သွားတဲ့ အခါကျ မှ မဟာ ရှက်လာရသည်။ သူဘယ်လိုလုပ် အစ်ကို့ကို နမ်းဖို့ သတ္တိတွေရှိလာလဲ မသိပေ။ သူအခုသိတာက သူအရမ်းကို မျက်နှာပူလာပြီး ညနေကျ အစ်ကိုနဲ့ ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ မသိတော့။
မဟာ အမြန် အပေါ်ထပ်သို့ တက်လာကာ ရေချိုးခန်းထဲသို့ ၀င်ပြီး ဘေစင်ရှေ့မှာ ရပ်ကာ ရေဘားကို ဖွင့်ပြီး မျက်နှာသစ်လိုက်ရသည်။ ဒါတောင် မျက်နှာက ပူနေတုန်းပင် သူ့ ဝဲဘက်ရှိ ရင်အစုံဟာ နှိမ့်ချည်မြင့်ချည် တက်လိုက်ကျလိုက်ပင် ။
----------------------------------
တစ်ဖက်က မင်းခန့်သည်လည်းဘဲ ကားပေါ်ရောက်သည် အထိ ကြောင်တောင်တောင်လေးပင်။ အတော်ကြာမှ အသိလေးက ၀င်လာသည်။
' ညီက ခုနက ငါ့ကို နမ်းလိုက်တာမလား အဲ့ ဒါဆို ညီက ......
ငါက ညီ့အပေါ် သဘောထားနေသလိုမျိုး ညီကလည်း သူ့အပေါ် အတူတူဖြစ်နေတာပေါ့နော် ။
ဒါပေမယ့် ... ဒါပေမယ့် .....
တကယ်လို့များ ညီ့အတွက်သူက အဟန့်အတား ဖြစ်သွားခဲ့ရင် .....
သူလုံးဝအဖြစ်မခံနိုင်ပေ...
မင်းခန့်၏ စိတ်ထဲ၌ ပျော်လဲ ပျော်ရွှင်ရသလို ဝမ်းလည်းနည်းလာရသည်။
အချစ်တဲ့ ....
မချစ်တော့လဲ ကျောက်ရုပ်ကြီးလို...
ချစ်မိတော့လဲ အပြစ်ရှိသလို .....---------------------------
မင်းခန့် ဦးရာဇာတို့ ပိုက်နက်ထဲသို့ရောက်သော အခါ ဆေးပစ္စည်းများကို တစ်ဖက် အဖွဲ့သို့ လဲလှယ်နေကြစဉ် ရုတ်တရက် တစ်ဖက်အဖွဲ့ တွင် ရှိသော လူတစ်ယောက်က မင်းခန့်ဆီသို့ ဓါးဖြင့် ချိန်ရွယ်လာလေသည်။
မင်းခန့်က တစ်ဖက်သို့ အမြန်ရှောင်လိုက်ကာ ထိုသူ့ရဲ့ နောက်ကျော ကို ခြေတစ်ဖက်ဖြင့် ကန်လိုက်သည်။
ထိုတစ်ယောက်က အရှေ့သို့ ယိုင်ကျသွားကာ မှောက်ယှက်လဲ သွားလေသည်။
မင်းခန့်က မဲ့ပြုံးပြုံးကာ လှည့်ထွက်မည် အပြု
'ဖြောင်း '
'ဖြောင်း'
'ဖြောင်း'" ဝေါင်း "
"မင်းခန့်က မထင်မှတ်ထားလောက်အောင် သတိကြီးလှပါလား ။
YOU ARE READING
ချစ်ခြင်း သစ္စာ