Part 4

6.7K 15 0
                                    

အရင်တုန်းက ဆိုလျှင် ငယ်လေး ဦးမြတ်နှင့် အပြင်သွားကာ လျှောက်စား လျှောက်လည်လေ့ရှိသည်။ ထိုနေ့နောက်ပိုင်းမှစကာ ငယ်လေး သူငယ်ချင်းများနှင့်လည်ရန်သာ ကြိုးပမ်းတော့သည်။ ငယ်လေး တစ်ယောက်တည်း ရပ်တည်ဖို့ လုံးပန်းရမည်သာ ။

ကျောင်း ပိတ်ရက်တစ်နေ့ ငယ်လေး၏ သူငယ်ချင်းများ ငယ်လေးကို လျှောက်လည်ဖို့ လာခေါ်ကြသည်။ ဦးြမတ်က အိမ်မှာ မရှိ ၊ မစုနွယ်သာ အိမ်မှာရှိသည်၊ ငယ်လေး ဦးမြတ်ကို ဖုန်းဆက်ပြောရမလားတွေးသည်။ ပြီးမှ ဆက်ချင်စိတ်မရှိတော့ မစုနွယ်ကိုသာ မှာခဲ့ပြီး သူငယ်ချင်းတွေနှင့် လျှောက်လည်ရန် ထွက်လာခဲ့သည် ။ ထိုနေ့က ငယ်လေး ကြိုးတစ်လုံးဂါဝန်လေးကို ဝတ်ထားသည်။ ဂါဝန်က အရမ်းမတို ဒူးအောက်ရောက်သည် ။ လေးထောင့်လည်ပင်းပုံစံ နှင့်  ဒီတိုင်း ဝယ်ထားတာ ကြာသော်လည်း စိတ်ကူးပေါက်လို့ ဝတ်ကြည့်ခြင်းသာ။ အဖွဲ့ထဲတွင် ယောကျာ်းလေးများပါသော်လည်း သူငယ်ချင်းများသာ ဒီလိုဝတ်စားတာမျိုးက သိပ်မဆန်းပါ ။

တိုက်ဆိုင်စွာပင် ငယ်လေးတို့ သွားစားသော ကြေးအိုးဆိုင်တွင် ဦးမြတ်နှင့် ထိုအစ်မကို အတူတွဲတွေ့ရသည်။ ငယ်လေးမှ အရင်ပြုံးပြနှုတ်ဆက်ကာ သူငယ်ချင်းတွေဘက် လက်ညိုးထိုးပြီးထွက်လာခဲ့သည်။ စိတ်ထဲတွင်တော့ နေရခက်သွားသည်။ ဦးမြတ်ဘက်ကနေလည်း ဒီရက်ပိုင်းတွင်း အိမ်ပြန်နောက်ကျတာမျိုး နှင့် အိမ်မှာ ရှိနေချိန်နည်းသွားသည်။ ငယ်လေးလိုအပ်တာမှန်သမျှတော့ ဂရုစိုက်ပေးနေဆဲပင်။ သို့သော် ဝေးသွားပြီဟု ငယ်လေးခံစားရသည်။ ငယ်လေးတစ်ယောက်တည်း ပြန်ဖြစ်သွားသည်ဟု ခံစားနေရသည်။

သူငယ်ချင်းတွေနှင့် ည ၇ နာရီ thriller သရဲကားတစ်ကား ကြည့်‌ဖြစ်သောကြောင့် အိမ်ပြန်နောက်ကျသည်။ အိမ်သို့ရောက်တော့ ဦးမြတ်ကို ဧည့်ခန်းမှာ တွေ့ရသည်။
" ငယ်လေး ၊ အိမ်ပြန်နောက်ကျတယ်နော် ၊ သူငယ်ချင်းတွေနဲ့ ခုမှ ပြန်လာတာလား "

" ဟုတ် ဦးမြတ် ၊ ရုပ်ရှင်ကြည့်နေလို့ နည်းနည်းနောက်ကျသွားတာပါ ၊ မစုနွယ်ကိုမှာခဲ့ပါတယ်၊ ဦးမြတ်က အိမ်မှာမရှိတော့"

ကိုးကွယ်ရာ Where stories live. Discover now