Part 15

2.6K 154 45
                                    

ရှိန်း သူ့မျက်လုံးရှေ့က အနီရောင်ဖဲသားစားပွဲခင်းကြီးခင်းထားတဲ့ ထမင်းစားပွဲကြီးကို စိုက်ကြည့်နေမိတယ်။ အဂ္ဂိ‌က ဘေးမှာရှိနေပေမယ့် အဂ္ဂိရဲ့အဖွားကလည်း စားပွဲထိပ်မှာရှိ‌နေတဲ့အပြင် မနေ့ကတွေ့ခဲ့တဲ့ အမကလည်း အဂ္ဂိရှေ့တည့်တည့်မှာမို့ ရှိန်းစိတ်ထဲမွန်းကျပ်နေတယ်။ ကိုယ့်ကိုသဘောမကျတဲ့လူတွေရဲ့ အိမ်မှာနေနေရတာ တော်တော်ဆိုးတာပဲ။ ညနေကြရင်တာ့ အဂ္ဂိကို ကိုယ်တွေနှစ်ယောက်ထဲသပ်သပ်အိမ်ခွဲနေဖို့ အဆင်ပြေ၊မပြေ မေးကြည့်ရမယ်......

"စားလေ....စားလို့မကောင်းဘူးလား...
ရှိန်း...."

"ဟမ်! စားလို့ကောင်းပါတယ်။ ဒီတိုင်းအတွေးလွန်သွားတာ...."

စားစရာရှိတာကိုမစားပဲ ခက်ရင်းနဲ့ထိုးဆွနေကတည်းက ရှိန်းရဲ့စိတ်အခြေအနေမကောင်းမှန်း အဂ္ဂိရိပ်မိပါတယ်။ နေ့လည်ကြရင်တော့ ရှိန်းကို စိတ်ပြေလက်ပျောက်ဖြစ်အောင် အပြင်ခနလောက်တော့ လိုက်ပို့လိုက်ပါ့မယ်လေ......

ကိန်နရီ သူ့အရှေ့က အချစ်ငှက်လေးနှစ်ကောင်ကိုကြည့်နေမိတယ်။ တစ်သက်လုံး ထမင်းစားပွဲမှာ စကားတစ်ခွန်းတောင် မပြောတဲ့ကောင်က ခုတော့ ခေါင်းချင်းဆိုင်ပြီး တွတ်ထိုးနေလိုက်တာများ နေ့ချင်းညချင်းလူပြောင်းသွားသလားအောက်မေ့ရတယ်။ အဂ္ဂိကို အပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက် အားနည်းချက်ရှိမလားလို့ အဂ္ဂိတစ်သက်‌စောင့်ကြည့်ခဲ့ပေမယ့် လုံးဝမတွေ့ခဲ့ရဘူး။ နောက်ဆုံးတော့လည်း ကာယကံရှင်ကိုယ်တိုင် သူ့အားနည်းချက်လေးကို အိမ်အရောက်ခေါ်လာတာပေါ့......

ပုံစံကြည့်ရတာတော့ Alpha ပဲဖြစ်လောက်တယ်။ ရုပ်ကလေးကြည့်ကောင်းတာကလွဲ ယောကျာ်း‌တစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ ကိုယ်နေဟန်ထားတစ်နေရာမှလည်းမရှိဘူး။ ခန္ဓာကိုယ်ကလည်း တော်တော်ထွားပြီး မျက်နှာကလွဲ ခြေတွေ၊လက်တွေက ပုံမှန် Alpha တစ်ယောက်လို သန်မာနေတာပဲ။ နူးညံ့ပုံမပေါ်ပေမယ့် ကြမ်းတမ်းနေပုံလည်းမပေါ်ဘူးဆိုတော့ လိုလေသေးမရှိတဲ့ ဘဝမှာကြီးပြင်းခဲ့မှန်းသိသာလွန်းတယ်။ အဂ္ဂိက ဘာကိုကြည့်ပြီး သဘောကျလဲဆိုတာ တကယ်ကိုသိချင်မိတယ်။ Alphaမိန်းကလေးဆိုရင်တောင် လက်ခံနိုင်သေးတယ်။ ခုတော့ ယောက်ျားလေး Alphaတစ်ယောက်ကို......

Love Curse ( အချစ်ကျိန်စာ ) Season 3 Where stories live. Discover now