P-3

2.3K 91 10
                                        

💗 I'm at your feet 💗
Part - 3

ဇာတ်ညွှန်းစာအုပ်ကို တစ်ခန်းပဲဝင်ဖတ်လိုက်တာတောင် ချစ်ခန်းကြိုက်ခန်းက နှစ်ဖြတ်လောက်ပါနေသည်။ သူ့အိမ်မှာ မိုးဥတု၏ ဇာတ်ညွှန်းစာအုပ် ကျန်နေခဲ့တာမို့ သူယူဖတ်ကြည့်ခြင်းပင်။ မင်းသမီးကို ကြည့်မိတော့ မြဒါလီ.....သူ မြဒါလီကို သိသည်။ မြဒါလီက ပုရိသတွေကြိုက်သည့် Sexy အကျဆုံးသော မင်းသမီး။ ခုဆို မိုးဥတုက ပိုနာမည်ရလာသလို ဇာတ်လမ်းတွေ ပိုရိုက်လာရသည်။ စောက်မြင်ကတ်ကတ်နှင့် Page ထောင်ပြီး Anti ပစ်ရ ကိုယ်က အကျင့်ယုတ်သလို ဖြစ်ဦးမည်။

ဒီနေ့ သူ အိမ်မှာပဲ နားနေသလို မင်းသားကြီးကို စောင့်နေခြင်းပင်။ ညက မူးမူးနှင့် သွားနမ်းလိုက်မိပြီးမှ မနက်ကျ ကိုယ့်မျက်ခွက်သာ ကိုယ်ပိတ်ထိုးပစ်ချင်တော့သည်။ ဘာလို့ သွားနမ်းမိမှန်း မသိ။

ကားသံသဲ့သဲ့ကြားလိုက်ရသလို တစ်ဖက်ခြံကို လှမ်းကြည့်မိ၏။ ပြန်ရောက်လာပြီပဲ.....။ သူ ဇာတ်ညွှန်းစာအုပ်ကို ယူရင်းမှ အိမ်အောက်ထပ်ဆင်းလာကာ တစ်ဖက်ခြံကူးလာခဲ့သည်။

" အန်တီ့.....ဟို...အစ်ကိုရော။ "

ခြံထဲတွင် အန်တီမိုးနှင့် တိုးသည်မို့ သူ မေးကြည့်လိုက်မိသည်။

" သားက အပေါ်ထပ်က သူ့အခန်းထဲမှာလေ။ "

" ကျွန်တော် သွားလိုက်ဦးမယ်.....ပေးစရာရှိလို့။ "

သူ အန်တီမိုးမခကို နှုတ်ဆက်ပြီး အိမ်ထဲဝင်လာကာ အိမ်ပေါ်ထပ် တက်လာခဲ့သည်။ အရင်အတိုင်း မပြောင်းလဲပေမယ့် မိုးဥတု၏ ဓာတ်ပုံကြီးတွေကတော့ အများအပြားကပ်ထားသည်။ သူ အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ မိုးဥတုက အင်္ကျီလဲနေရာမှ ကပျာကယာ လှမ်းကြည့်ရင်း ကြယ်သီးမတပ်ရသေးသည့် ရှပ်အင်္ကျီကြောင့် သူ့ကို အမြန်ကျောခိုင်းပစ်သည်။

" တံခါးခေါက်လေကွ.....။ "

" လုပ်မနေနဲ့......ခင်ဗျားကို ဘယ်သူမှ စိတ်မဝင်စားဘူး။ "

မိုးဥတု ကျစ်ခနဲ စုပ်သပ်လိုက်မိသလို ကြယ်သီးတပ်ပြီးသည်နှင့် စိုင်းကို ခပ်တည်တည်ပြန်ကြည့်ရင်း....

💗 I'm at your feet 💗Where stories live. Discover now