"ရော့ ဒီ Lecture တွေ ကူးထားနော် ယယ.."
အသံက ချိုသာသာ သြရှရှလေးနဲ့ သူပြောလာခဲ့တာ။ယယ က lecture တွေ အမြန်လိုက်ကူးပြီးလို့ ball-pen အဖုံးလေးကို ပြန်စွပ်ပြီးသိမ်းတော့မလို့ပြင်တုန်း..ဖုန်းမာန် က သူ့လက်ထဲကစာအုပ်ကို ရှေ့စားပွဲပေါ် ဘုတ်ခနဲပစ်ချပြီး ပြောလာခဲ့သည်။
ယယ ဖုန်းမာန်ထံ မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့ ခပ်တည်တည် အံ့အားသင့်ဟန်လေး..ကြည့်လိုက်သည်။ အမြဲဆိုးနေကျ ..ယယ အပေါ် အမြဲ နိုင်စားနေကျ ကောင်လေး။ ခုလည်း အေးဆေးပါ ဆိုတဲ့ ခပ်ပေပေမျက်ဝန်းလေးတွေနဲ့ လက်နှစ်ဖက်ကိုတောင် ဖြန့်ပြပြီး အမူအရာတွေ လုပ်ပြသွားသေးသည်။
ယယ သည် Lecture တွေ အမြန်ကူးရလွန်းလို့ ပိန်ချိုင့်နေသော လက်ခလယ် ထိပ်ဖျားလေးကို ပုံမှန်တိုင်းလေးပြန်ဖြစ်အောင် ဟို ဖိ သည်ဖိ လုပ်နေရင်းနဲ့ ခပ်တွေတွေ မျက်ဝန်းတွေနဲ့ မော့ကြည့်နေခြင်းမှာ အပြစ်မမြင်ရက်ခြင်းတွေနဲ့ပါ။ ဘယ်လို နာလို့ရမလဲ။ ဘယ်လိုစိတ်ကောက်မလဲ။ ယယ ဘေး လူချော လေးအဖြစ်နဲ့ သူငယ်ချင်းတစ်ယောက်လို အမြဲ ရှိနေပေးတာပဲ ဆုလာဘ် မဟုတ်လား။ အကျေနပ်ကြီးကျေနပ်လှသည်ပါပေါ့..။
ဖုန်းမာန်က စားပွဲပေါ်က အနက်ရောင် ကျောပိုးအိတ်လေးကို ကောက်လွယ်ပြီး ထွက်သွားဖို့ပြင်သည်။ ရွှေ့စရာအကွက်တွေမှ တစ်နေ့တာအတွက် အများကြီး။ Lecture လောက်နဲ့ အာရုံတွေ သိပ်မစားနိုင်။သူ့မှာ ကိုယ်ပိုင် စာရိုက်စက်ကောင်မလေး ရှိနေတာပဲဟာ။ လက်ရေးလေးတွေ မှ ဝိုင်းဝိုင်းစက်စက်လေး။တိတိပပ ကျကျနနလေးအမြဲရေးပေးတတ်သော ကောင်မလေး။
"ဟင်! ယယ ဘာကြောင်ကြည့်နေတာလဲ..နင်ပဲ Canteen မလိုက်ဘူးဆို..အာ့ကြောင့် ငါအလုပ်ပေးခဲ့တာ ..သပ်ခါနေရမယ်နော်.."
ထွက်သွားပြီ..။
ယယ နဖူးလေးကိုလက်ညှိုးလေးနဲ့ ခပ်ဖွဖွလာထောက်ကာ..အမိန့်ပေးထွက်သွားသူနောက်မှာ ယယ သူ့ကျောပြင်ဆီ ငေးရင်းကျန်ရစ်ခဲ့တာ အ ပျော်စိတ်တွေနဲ့ မဟုတ်ပေမယ့်..ကျေကျေနပ်နပ်ကြီးလေ။ နာခံရမယ်။ သူပြောသမျှ လိုက်နာရမယ်။ ပေးဆပ်ရမယ်။ အချိန်တန် ယယ ဘေး သူပြန်ရောက်လာမှာပဲဟာ။ ပြီးပြီပေါ့..။
VOUS LISEZ
သူ့အချစ်တွေသောက်သုံးပြီး နှလုံးသားမှာ မြစ်တစ်စင်းဖြစ်ခဲ့တယ်..
Roman d'amourနင်ပြောလိုက် နင်သာစေခိုင်းမယ်ဆို မနက်ဖြန်မဟုတ်ဘူး အခု ငါသေပါရစေ
