Pt.1

14.2K 25 0
                                    

ကျွန်တော့်နာမည်က အောင်ကိုကို လို့ခေါ်ပါတယ်။
အသက်ကတော့ 21နှစ်ဗျ။ Gym Trainer တယောက်ဗျ။

ကျွန်တော်ကGayတယောက်ဗျ Topပေါ့ဗျာ ကျွန်တော့်မှာသိပ်ချစ်ရတဲ့ ရည်းစားလေးတယောက်ရှိတယ်။ ကျွန်တော်သူ့ကိုသိပ်ချစ်တာဗျ ကျွန်တော့်ဘဝမှာ သူ့ကိုအချစ်ရဆုံး လူတွေဘာပဲပြောပြော ကျွန်တော်သူ့ကိုပဲ လက်ထပ်မှာဗျ ရှေ့လဆိုရင်ပဲ ကျွန်တော်တို့၂ယောက်ရဲ့  မင်္ဂလာပွဲရှိတယ် ကျွန်တော်ကတော့ တကောင်ကြွက်ပေါ့ ကျွန်တော်ချစ်ရတဲ့ ကောင်လေးကတော့အမေရှိတယ်ဗျ သားမိ၂ယောက်ပေါ့ဗျာ။ ကျွန်တော့်ရဲ့ ချစ်သူက ကျွန်တော့်ထက်အသက် 3နှစ်ကြီးတယ် 24ပေါ့ဗျာ သူ့နာမည်ကတော့ သူရိန်.....။

\\\\
"ဘာလိုလိုနဲ့ကိုယ်တို့ မင်္ဂလာဆောင်မဲ့ရက်တောင်နီးလာပြီနော် သူရိန်"

"အင်း"

"ကိုယ်အရမ်းတွေရင်ခုန်နေတယ်"

"အင်း"

"သူရိန် ကိုယ့်ကိုစိတ်ကောက်နေတာလား"

"မဟုတ်ပါဘူး"

"အဲ့တာဆိုဘာဖြစ်လို့လဲ ကိုယ့်ကိုပြောလေကွာ ကိုယ်တို့ကမကြာခင် လက်ထပ်ကျတော့မှာမလား"

"ဟိုဟာ...."

"ဘယ်ဟာတုန်း ပွင့်ပွင့်လင်းလင်းပြောကွာ"

"အမေကပြောတယ် ငါနဲ့မောင်နဲ့ အတူလက်ထပ်ပြီးရင် သူနဲ့ပဲ အတူတူနေပါတဲ့"

"အော်ဘာများလဲလို့ ကိုယ့်တို့ပြောပြီးသားမလားအဲ့ကိစ္စ"

"အင်း ဒါမဲ့"

"......"

"မေမေက မောင်နဲ့ငါနဲ့ကို ကလေးယူတာမြင်ချင်တယ်တဲ့ သူမြေးချီချင်လို့ပါတဲ့"

"ဟန် ကိုယ်တို့က ဘယ်လိုလုပ်ကလေးရနိုင်မှာလဲကွာ သူရိန်လဲသိတဲ့ဟာကို"

"အင်းလေ အဲ့တာသူရိန်မောင့်ကိုပြောမို့"

"အင်းပြောလေ သူရိန်"

"သူရိန်တို့ အငှားကိုယ်ဝန်ဆောင်ခိုင်းကျမလား"

" ဖြစ်ပါ့မလား"

"ဖြစ်ပါတယ်ကိုယ်ရဲ့"

"ဘယ်ကနေသွားရှာမလဲ ကိုယ်တို့အငှားကိုယ်ဝန်ဆောင်ကို"

"နေအုံးအဲ့တာဆို သူရိန်နဲ့မောင်နဲ့လက်ထပ်ပြီးမှ အဲ့ကိစ္စပြန်ဆွေးနွေးကျမယ်နော်"

"အွန်း ရတယ်လေသူရိန်"

သူရိန့်ရဲ့ အမေကတော့ဗျာ ကျွန်တော်တို့၂ယောက်ကို သဘောတူရဲ့သားနဲ့ ဘာလို့မဖြစ်နိုင်တဲ့ကိစ္စတွေကို လုပ်ခိုင်းရတာတုန်း နားမလည်နိုင်ဘူး။

//////1 Month Later//////

"မောင်"

"အင်းပြောလေ သူရိန်"

"မောင့်ကို ငါဟိုးတခေါက်ကပြောတဲ့ကိစ္စမှတ်မိလား"

"ဘာကိစ္စတုန်း သူရိန်ရဲ့"

"ကလေး.."

"အော် မောင်သိပြီ အင်းလေးဘာဖြစ်လို့လဲသူရိန်"

"အမေကပြောနေပြီ ဘယ်တော့လုပ်ငန်းစမလဲလို့တဲ့"

"ဟ ကိုယ်တို့တောင်လက်ထပ်ထားတာပူပူနွေးနွေးကြီးရှိသေးတာကို"

"ကိုယ်အဆင်ပြေမှပါ"

"ကိုယ်ကရပါတယ် ကိုယ်က ဘယ်လိုကူညီပေးရမလဲ သူရိန်"

"အခုငါ အငှားကိုယ်ဝန်ဆောင်သည်လိုက်ရှာတာ သိပ်စိတ်မချရတဲ့ပုံတွေပေါက်နေလို့"

"သူရိန်ကိုယ်ကတော့ ကိုယ်တို့၂ယောက်ရဲ့ကလေးကို ကျန်းကျန်းမာမာရှိတဲ့ လူရဲ့ဗိုက်ထဲကပဲမွေးစေချင်တယ်"

"အင်းပါ ငါသိပါတယ်မောင်ရဲ့"

"သားတို့ရေ ထမင်းစားမယ်လေ သားရေ သူရိန်ရေ ပြီးကျရင် မင်းအလုပ်သွားရတော့မယ်မလား"

"ဟုတ်အမေလာပြီ"

/////////

ယောက္ခမWhere stories live. Discover now