" တွေ့ရတာ ဝမ်းသာပါတယ် ချန်းယောလ်-ရှီ။ "
သွယ်လျနေတဲ့ လက်ချောင်းဖွေးဖွေးလေးတွေက ချန်းယောလ် အမြင်အာရုံထဲ ဝင်ရောက်လာသည်။
" ဟုတ်ကဲ့။ အတူတူပါပဲ။ "
သုံးစက္ကန့်လောက် ထိရုံမျှသာ လက်ဆွဲ နှုတ်ဆက်လိုက်သည်။
ရှပ်လက်ရှည် အဖြူရောင်လေးရယ် ၊ စတိုင်ဘောင်းဘီ အမဲလေးနဲ့ သူမက ရိုးရိုးရှင်းရှင်းလေး မျက်စိအေးစေသည်။ အညိုရောင် ဆံပင်အရှည်တွေကိုပါ သိမ်းစည်းထားတဲ့ သူမက ချန်းယောလ်လို ယောကျာ်းတစ်ယောက်ရဲ့ရှေ့မှာ အနေခက်နေခြင်းကို လုံးဝမမြင်ရပေ။
" ဆောရာ ဒီမှာ တွေ့ဖို့ ချိန်းလိုက်တာ အားနာပါတယ်။ စားသောက်ဆိုင်တစ်ခုမှာ အေးအေးဆေးဆေး ထိုင်နေရမှာကို။ "
" မဟုတ်တာ။ အသစ်အဆန်း ဖြစ်တာပေါ့။ "
အူလ်ဆန်က နာမည်ကြီး ပန်းချီပြခန်းတစ်ခုတွင် ရောက်နေတာမို့ မျက်စိတစ်ဆုံး မြင်နေရတဲ့ ပန်းချီကားချပ်တွေကို ငေးပြီး ချန်းယောလ် ပြန်ဖြေလိုက်သည်။
" ပန်းချီတွေကို သဘောကျလား ချန်းယောလ်။ "
အမြင့်သုံးတွေ မသုံးတော့ပဲ ရိုးရိုးတန်းတန်း ချန်းယောလ်လို့ခေါ်လာတဲ့ သူမကို လှည့်ကြည့်မိတော့ ပန်းချီကားချပ်တွေကို ငေးရင်း ခပ်ဖြေးဖြေးပဲ လမ်းလျှောက်နေသည်။
" သဘောကျတယ်။ ပန်းချီကို သေချာ မခံစားတက်ပေမဲ့ ပန်ချီဆွဲတဲ့သူကို ပိုသဘောကျတယ်။ "
မျက်ဝန်းထဲ မြင်ယောင်လာတဲ့ စုတ်တံကိုင်ထားတဲ့ ဂယောင်ဆူးရဲ့ လက်သေးသေးလေး။ ယောကျာ်းလေးတစ်ယောက်ရဲ့ ပုံမှန် လက်ပေမဲ့ ချန်းယောလ်နဲ့ ယှဉ်ရင် သေးငယ်နေတဲ့ လက်လေးတွေ။ ပန်းချီဆေးစအချို့ စွန်းနေတဲ့ လက်လေးတွေ။
ပါးချိုင့်ပေါ်တဲ့အထိ ပြုံးနေတဲ့ ချန်းယောလ်ကို ကြည့်ပြီး ဆောရာ က,ပါ လိုက်ပြုံးသည်။ ပုံမှန်အတိုင်း လျှောက်နေတဲ့ ဆောရာဆီမှ နှစ်လက်မ ဒေါက်ဖိနပ်ရဲ့ အသံကို စည်းချက်ညီညီ ခပ်ဖွဖွလေး ကြားနေရသည်။
" ဆောရာလည်း ပန်းချီဆွဲတယ်။ ပန်းချီတွေကို သဘောကျတယ်။ ပန်းချီဆွဲနေရရင် စိတ်တွေ ပေါ့ပါးနေပြီးတော့ ကိုယ်ဆွဲရမဲ့ အကြောင်းအရာကို တွေးနေရတာလေးကို သဘောကျတယ်။ "

YOU ARE READING
မုန်းခွင့် မရှိတဲ့ " မောင် "
Fanfictionမောင်ဟာလေ သိပ်ကို ဆိုးလိုက်တာ။ မောင်ဆိုးသလောက် ငါ့မှာ မုန်းခွင့်ကိုမရှိ။ 𝐬𝐭𝐚𝐫𝐭𝐞𝐝 𝐝𝐚𝐭𝐞 - 29.4.2024 𝐄𝐧𝐝 𝐝𝐚𝐭𝐞 - ? 🍒🍑 𝐂𝐡𝐚𝐧𝐲𝐞𝐨𝐥 × 𝐊𝐲𝐮𝐧𝐠𝐬𝐨𝐨 🍒🍑