မနက်ရောက်တော့ အရင် နိုးလာသူက မင်းခန့်ပင် ။ သူ့ရင်ခွင်ထဲ ကို ရောက်နေတဲ့ ညီ့ကိုကြည့် လိုက်သည်။
ဖြောင့်ဆင်းနေတဲ့ နှာတံလေးရယ် နေေရာင်ခြည်ေလးက ညီ့ မျက်နှာေပါ်ကို ဖြာကျနေတဲ့ အတွက် ညီမျက်နှာ လေးကကြည့်မဝ ရှုမဝ ဖြစ်ရလေသည်။
မင်းခန့် ကြည့်ေနတုန်းမှာ ပင် ညီက လှုပ်လှုပ်ရွရွ ဖြစ်လာလေသည်။ မင်းခန့် မသိမသာ အိပ်ချင်ယောင်ေဆာင်ေနလိုက်သည်။
မဟာနိုးလာေတာ့ သူ့က အစ်ကို့ရဲ့ လက်မောင်းေပါ်မှာ အိပ်ေနတာကို သတိထားမိလိုက်တော့ မဟာလည်း အစ်ကို မနိုးခင် အရင် ထလိုက်ရသည်။ ထို့နောက် သူလည်း ရေချိုးခန်းသို့ အသည်းအသန် ပြေး၀င်သွားရေလသည်။
ညီ ထွက်သွားတော့မှ မင်းခန့်လဲ မျက်လံုးကို ဖွင့်လိုက်ကာ သူ့ကိစ္စကို ညီ ပြန်ထွက်မလာခင် အပြီးရှင်းရေလသည်။
မဟာတို့ သုံးယောက်လံုး ပြန်ဖို့ ပြင်ဆင်ရသည်။ ထို့နောက်မှာတော့ မင်းခန့်က ကားမောင်းဖို့ အတွက် ရှေ့ခုံမှာ ထိုင်လေသည်။ မဟာက မင်းခန့်ဘေးနားက ထိုင်သည်။ ရတီကတော့ နောက်ခုံမှာ တစ်ယောက်တည်း ထိုင်လေသည် ။
ရတီကတော့ သူ့ကို အနောက်မှာ တစ်ယောက်တည်း ထိုင်ခိုင်းတာ မကျေနပ်ပေ။ ဒါကြောင့်
" မောင် ! "
" ပြောလေ "
မဟာ နောက်လှည့်ကာ ထူးလိုက်တော့ ရတီက ဒေါသသံစွတ် ၍ ပြောလာလေသည်။
"ရတီ့ကို အနောက်မှာ ဘာလို့ တစ်ယောက်တည်း ထိုင်ခိုင်းတာလဲ "
မဟာလည်း ဖြေရှင်းချက်ပေးရသည်။
" အစ်ကိုက ကားမောင်းတဲ့ သူလေ ။ သူကားမောင်းနေရင်းနဲ့ အိပ်မငိုက်အောင် အစ်ကိုက စကားပြောဖော်ရအောင် အရှေ့မှာ ထိုင်ပေးတာပါ "
" မောင်ကလေ အမြဲတမ်း ဆင်ခြေ ဆင်လက်တွေ ချည်းဘဲ "
" ဟော ... ထိုင်လက်စနဲ့ ဆက်ထိုင်နေလိုက်ပါ နော် "
" ဟွန့် "
ရတီက 'ဟွန့် ' ကနဲ နှာမှုတ်လေသည်။ ရတီက စိတ်ရင်းဓာတ်ခံကကောင်းလေသည်။ သို့သော် အရမ်း အစွဲအလမ်း ကြီးလွန်းလေသည်။ ရတီက သူမ လိုချင်တာ ဒါမဟုတ် သူမ အပိုင်လို့ သတ်မှတ်ထားရင် လုံးဝ လက်မလွှတ်ပေ။ အဲ့ဒါကြောင့် ရတီက နည်းနည်းတော့ ဆိုးလေသည်။
YOU ARE READING
ချစ်ခြင်း သစ္စာ