Unicode
ဂျောင်ကု သတိပြန်လည်လာတော့ သူတစ်ခါမှမမြင်ဖူးတဲ့ပတ်ဝန်းကျင်တစ်ခုကို ရောက်နေမှန်းသိလိုက်ရသည်
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. သစ်ပင်များအလည် ခုံတန်းလျားလေးတစ်ခုအပေါ်သူရောက်နေသည် သူ့တိုင်းပြည်နဲ့လားလားမျှမတူသော ဤနေရာ
အထူးဆန်းပင် လေးဖက်လေးလံလှည့်ကြည့်လိုက်မိသည် ဂျောင်ကု၏အနောက်ဖက်၌ ထူးဆန်းသောအဖြူရောင်အဆောက်ဦးတစ်ခုမြင်တွေ့ရသည် နဂါးပြည်က ပြတိုက်လိုလို ဘုရားကျောင်းလိုလိုပုံနှင်ဆင်တူ၏
"အရှင်..."
တိုးလှသောအသံတစ်ခုကြားရ၍ ငုံ့ကြည့်သောအခါ သူ့၏ခြေရင်း၌ ယောန်ဂျွန်မေ့နေသည်
မေ့မျောနေတာတောင် သူ့နာမခေါ်နေသော သစ္စာရှိသည့်အစေခံအား ဂုဏ်ယူစွာကြည့်လိုက်ပြီး"ယောန်ဂျွန်...... ချွဲယောန်ဂျွန်!"
တစ်ခါခေါ်လဲ သတိမလည် နှစ်ခါခေါ်လည်းသတိမရ
စိတ်ရှည်တက်တဲ့လူမို့ အစွမ်းနှင့် လည်ပင်းညစ်တော့မှ ညည်းသံတစ်ခုထွက်လာသည်"အစ်... အ.. အရှင်"
"ထတော့"
"အရှင် ဒါဘယ်နေရာလဲ"
"မသိဘူး"
"သစ်ပင်တွေကလည်း ဘာတို့ခရမ်းရောင်မဟုတ်တာလဲ"
"မသိဘူး"
"ဟိုအဆောက်အုံကြီးကရော ဘာလဲအရှင်"
"မသိဘူးဆို! မောင်မင်းတယ်စကားများပါလား လျှာဖြတ်ပြီး ငါးစားကျွေးမိတော့မယ်"

YOU ARE READING
A Heart of the DRAGON
Fanfictionရှာတွေပြီ! ကိုယ်တော့်ရဲ့ နှလုံးသားကို!! Start- 24 June 2024 End-??