"ချီးယားစ်!!!!!!"
ရှိန်း မနေ့ကတည်းကပြိုင်ပွဲမှာအနိုင်ရခဲ့ပေမယ့် ကျောင်းမှာရော အပြင်မှာပါ သူငယ်ချင်းတွေနဲ့အရင် စားသောက်ပျော်ပါးနေကြတာနဲ့ ဒီနေ့မှပဲ ကိုကြီးနေသစ်ရဲ့ စားသောက်ဆိုင်မှာ မိသားစုတွေ dinner စားကြရတော့တယ်......
"စား...ငါ့ညီ...ဒီနေ့ ကိုကြီးဒကာခံမယ်....."
ဒီနေ့ ရှိန်းကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်မိသားစုလုံးကို ကိုယ်ရဲ့ restaurant မှာကျွေးမွေးဖို့သေချာစီစဉ်ထားတာ။ ပြီးတော့ အချို့ကိစ္စလေးတွေလည်း လုပ်စရာရှိသေးတာပေါ့....
"ဒယ်ဒီ့ဆိုင်မှာလုပ်မှတော့ ဒယ်ဒီပဲ ဒကာခံရမှာပေါ့......"
နေသစ် ကိုယ့်အတွေးနဲ့ကိုယ် သဘောကျနေတုန်း ထိပ်တန်းက ရွဲ့သလိုလို စောင်းသလိုလိုလာပြောနေတာကြောင့် ပညာနည်းနည်းပြဖို့လုပ်လိုက်တယ်.....
"ဒါနဲ့သား....ဟိုဘူးလေးရော....."
ထိပ်တန်း ဒယ်ဒီ့ကိုစနေတုန်းရှိသေး အားလုံးရှေ့မှာ ဟိုကိစ္စကိုအစဆွဲထုတ်နေတာကြောင့် ခေါင်းမွှေးတောင်ထောင်ချင်သွားတယ်....
"ဘာဘူးလဲဟင် ကိုနေသစ်။ ထိပ်ထိပ်...ဘာဘူးလဲ...."
"ဟာ....ဘာဘူးမှမဟုတ်ပါဘူး ကိုကိုရာ...
စားစရာရှိတာသာစား။ ဒီမှာ ငါးသံပုရာပေါင်းလေးစား....""ဟုတ်လို့လား...."
လပြည့် ထိပ်ထိပ်ကိုကြည့်ရတာမူမမှန်ဘူး။ အိမ်ကစထွက်ထဲကကို ပုံမှန်မဟုတ်တာ.....
"ဟုတ်ပါတယ်ဆို။ ရှိုင်းပြောလိုက်ဦး......"
"အဟွတ်....အဟွတ်...."
ရှိုင်း ကိုယ့်ဘာသာကိုယ် စားစရာရှိတာစားနေတုန်း သူ့ဘက်လှည့်လာတဲ့ကိုကို့ကြောင့် စားနေရာကနေ ထတောင်သီးတယ်....
"ဖြေးဖြေးစားပါ။ ဘယ်လိုဖြစ်ပြီး သီးသွားတဲ့အထိ စားနေတာလဲ...."
စားသောက်နေရင်း ထသီးနေတဲ့ ရှိုင်းကြောင့် ဝေဟင့်မှာ ရှိုင်းရဲ့ ကျောကိုအသာပုတ်ပေးနေရတယ်။ အမြဲသတိကပ်နေတက်တဲ့သူက ဒီနေ့မှ အလွဲလွဲတွေလုပ်နေတာ။ ဒီနေ့အကုန်လုံးဘာတွေဖြစ်နေကြမှန်းကိုမသိဘူး.....
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........