💗 I'm at your feet 💗
Part - 2
စိုင်းစွမ်းရည်သည် သူ့ကို အင်မတန်မုန်းပုံရပါသည်။ သူတို့နှစ်အိမ်၏ ဆက်ဆံရေးဟာ ကောင်းမွန်သလောက် သူ နဲ့ စိုင်းစွမ်းရည်၏ ဆက်ဆံရေးဟာ အဆိပ်အတောက်အပြည့်ပင်။ မိန်းကလေးတွေနှင့် ပွေရှုပ်တတ်သည့် စိုင်းစွမ်းရည်...... သူ့ကိုဆို စကားတွေဖြင့် ထိုးနှက်တတ်သည့် စိုင်းစွမ်းရည်။ ဒီလူသားကို သူက ဘာကြောင့်များ စိတ်မနာနိုင်အောင် ချစ်မိရသလဲ သူကိုယ်တိုင်လဲ အံ့သြရသည်။
ဒီနေ့လဲ မိသားစုနှစ်ခုလုံး ကိုးကွယ်သည့် ဘုန်းကြီးကျောင်းကို အတူသွားကြသလို ကားတစ်စီးထဲစီးကြမည်မို့ သူ ဆရာတော့်ကို ကပ်မည့် အသီးခြင်းအား ကားနောက်ခန်းထဲ ထည့်လိုက်သည်။ မေမေတို့က ကားနောက်ခန်းမှာ အတူထိုင်ကြတာမို့ သူအနားရောက်လာသည့် စိုင်းကိုတစ်ချက်ကြည့်မိသည်။ လည်ကတုံးရှပ်အင်္ကျီအဖြူလက်ရှည်ဖြင့် ယောပုဆိုးကိုဝတ်ထားကာ သူ့ပုံစံက ကြည့်ကောင်းလွန်းသည်။ ဒါကြောင့်လဲ မိန်းကလေးတွေ သူ့ကိုသဘောကျကြတာ နေမည်။
" ဘာတွေ လာကြည့်နေတာလဲ......"
"......."
သူ့အော်ငေါက်သံကြောင့် မိုးဥတုက ဆောရီးတစ်ခွန်းဖြင့် မျက်စိပြန်လွှဲသွားကာ ကားနောက်တံခါးကိုပိတ်ချရန်ပြင်၏။
" ကျုပ်ပိတ််မယ်.....ကားသော့သာပေး။"
စိုင်းစွမ်းရည် ကားနောက်တံခါးကို ဆွဲပိတ်ချလိုက်သလို လူက သတိမထားမိလိုက်တော့....
" အ.....!!"
" ဘာဖြစ်တာလဲ..... တံခါးညှက်တာလား။ ဟုတ်လား.....။ "
သူ လက်ကို ခါထုတ်ပစ်နေစဥ်မှာပင် မိုးဥတုက အနားအမြန်ရောက်လာ၏။
" မင်း ပြစမ်း...."
" ရတယ်....."
သူ့လက်ကို အတင်းဆွဲကိုင်ကြည့်ရင်း မိုးဥတုမျက်နှာက အတော်လေးပျက်ယွင်းသွားသည်။
" ဒုက္ခပါပဲ......ဆေးအရင်ထည့်ရအောင်။ "
" ရတယ်လိူ့.....ကျုပ် ဆေးကျောင်းသားပါ။ အကဲမပိုနဲ့.....ခင်ဗျားနဲ့ကျုပ် အနေသာကြီး။"
YOU ARE READING
💗 I'm at your feet 💗
Romanceချစ်လို့ အလိုလိုက်တာပါဆိုတဲ့ ဆင်ခြေတစ်ခုနဲ့ ခင်ဗျားခြေရင်း ဦးချိုးပေးထားတဲ့ကောင်ပါ....ခင်ဗျားကလွဲရင် တစ်လောကလုံးသိတယ်
