နေ့လည်ကျတော့ အစ်ကိုက ထမင်းစားဖို့ လာခေါ်လေသည်။ သူလည်း ရတီ့ကို ထမင်းစားဖို့ ခေါ်ရသည်။
" ရတီ ထမင်းကို အပေါ်မှာ စားဖို့ ယူလာပေးရမလား ဒါမှ မဟုတ် အောက်မှာ စားမလား "
" အပေါ်မှာဘဲ စားတော့မယ် မောင် "
" ဟုတ် ပြီ ဒါဆိုရင် ထမင်းကို အပေါ်ပို့ ခိုင်းလိုက်မယ်"
" ဟုတ် မောင် "
မဟာအောက်ဆင်းသွားပြီး ထမင်းချက်တဲ့ လူကို အပေါ်ကို ထမင်းသွားပို့ ခိုင်းလိုက်ရသည်။
ထမင်းစားခန်းထဲ ရောက်တော့ အစ်ကိုက သူ့ကို စောင့်နေသည်။
သူလည်း အစ်ကို့ ဘေးနားက ခုံမှာ ထိုင်လိုက်ပြီး ထမင်းကို စစားတော့သည်။" ညီ ...."
" ဟုတ် "
" ငါးစားလား ညီ "
" မစားဘူး အစ်ကို အရိုးနွှင်ရမှာ ပျင်းလို့ "
" ဟုတ်လား အစ်ကို နွှင်ပေးမယ်လေ "
" တကယ် လား အစ်ကို "
" တကယ် ညီ "
" အဲ့ဒါဆို စားမယ် အစ်ကို "
အစ်ကို က ငါးကို သူ့ပန်းကန်ထဲသို့ အရင် ဆုံးထည့်သည်။ ထို့နောက် ငါးအရိုးတွေကို သေချာနွှင်နေသည်။ အစ်ကို ငါးရိုးနွှင်နေတဲ့ ပုံစံ တနည်းအားဖြင့် အာရုံသေချာ စိုက် နေတဲ့ ပုံစံလေးက အရမ်းကို ဆွဲဆောင်မှုရှိလှသည်။
အစ်ကိုက နွှင်ပြီးသား ငါးအသားတွေကို သူ့ပန်းကန် ထဲ သို့ ထည့်ပေးလေသည်။
သူလည်း အစ်ကို ထည့်ပေးတဲ့ ငါးကို ထမင်းနဲ့ တွဲစားကြည့်လိုက်တော့ တော်တော်လေးကို အရသာ ရှိလှလေသည် ။ သူငါးကို နောက်ဆုံးစားဖြစ်တာ သူ့အမေ မဆုံးခင်ကဘဲ ဖြစ်သည်။
သူကသာ စားနေတာ အစ်ကိုက ထမင်းကို တစ်လုပ်မှ မစားရသေးပေ။ ဒါကြောင့် သူ့ထမင်းပန်းကန်ထဲ က တစ်ဇွန်းကို အစ်ကို့နှုတ်ခမ်းနားရှေ့သို့ တိုးပေးလိုက်တော့ အစ်ကိုက ကြောင်ကြည့်လာသည်။
အစ်ကိုက ဘယ်လို ပုံစံ ဘဲ ဖြစ်ဖြစ် ဆွဲဆောင်မှုရှိနေတာပါဘဲ ။
" စားလေ အစ်ကိုရဲ့ "
မဟာ ညီ့ အတွက် ငါးရိုးနွှင်နေတုန်း ညီက သူ့နှုတ်ခမ်းနားသို့ ထမင်းကို ခွံ့ပေးလာတော့ သူ့မှာ နဂိုကတည်းက ညီနဲ့ နည်းနည်းလေး နီးကပ်သွားရင်တောင် ရင်ခုန်နေရတာ အခုဝောာ့ သူ့ကို ကိုယ်တိုင် ထမင်းခွံ့ကျွေးလာတော့ ရင်အစုံမှာ အစမတန် ခုန်လာရသည်။
YOU ARE READING
ချစ်ခြင်း သစ္စာ