💗 I'm at your feet 💗
Part - 1
ဘဝမှာ ငယ်စဥ်ထဲက အရိပ်တကြည့်ကြည့် စောင့်ကြည့်ပြီး မြတ်နိုးမိတဲ့ တစ်ဦးထဲသော လူသားသည် စိုင်းသာ ဖြစ်ခဲ့သည်။ အထက်တန်းတက်သည့်အချိန်ကစ၍ သူ့မျက်စိရှေ့တွင် ကြီးပြင်းလာသည့် ထိုကောင်လေးဟာ သူ့ကိုဆို မကြည်ဖြူတတ်ပေ။
" ခင်ဗျား ကျုပ်နဲ့ ဝေးဝေးနေပေးပါလား။ ခင်ဗျားကိုမြင်တာနဲ့ ကျုပ်အတော်စိတ်အနှောက်အယှကဖြစ်ရတယ်။ "
ဤလူသား၏ စကားတစ်ခွန်းမှာတင် သူဟာ အဝေးရှောင်ပေးခဲ့ပါသည်။ အင်မတန်ချစ်မြတ်နိုးသော ကောင်လေးမို့ ဒီကောင်လေး စိတ်အဆင်မပြေမှာ သူ မလိုလားပါ။
အခန်းပြောင်းချင်ပါသည်ဟု သူ အတန်းပိုင်ဆရာမကို ခွင့်တောင်းခဲ့သည်။ စာအလွန်တော်သည့်သူ့ကို ဆရာမက လက်မလွှတ်ပေးခဲ့ပါ။အမှတ်ကျမှ အမှတ်နဲ့ကိုက်ညီသည့်အခန်းကို ချပေးသည်ဟုပြောခဲ့သလို ထိုလပတ်စာမေးပွဲမှာ သူဟာ ပထမဆုံး အမှတ်တစ်ရာကနေ သိသိသာသာအမှတ်ချဖြေခဲ့သည်။ ထိုအတွက် သူ နောက်ခန်းကို ပြောင်းခဲ့ရသည်။
စိုင်းစွမ်းရည်အဖို့ မိုးဥတုတစ်ယောက် အမှတ်ထိုးကျသွားသည့် သတင်းကိုသိရသည့်အခါ တကယ်ကို အံ့သြခဲ့ရသည်။ အမြဲတမ်းတစ်ကျောင်းလုံးမှာ အမှတ်အများဆုံးကျောင်းသားဟာ သူ့အဖို့ အရမ်းအမြင်ကတ်စရာ ကောင်းခဲ့သည်။ အားနေ စာကိုတကုတ်ကုတ်လုပ်ပြီး သူ့နားအမြဲရှိနေတတ်သည့် မိုးဥတု။
စသတိထားမိခဲ့တာ အိမ်ချင်းကပ်လျက်ဖြစ်သည့် မိုးဥတု၏ အိမ်ကို မေမေနဲ့အတူ အလည်သွားစဥ်ကပင်။ ရှစ်တန်းကျောင်းသား သူဟာ သူ့အိမ်ဘေးပြောင်းလာသည့် မေမေ့သူငယ်ချင်း၏ သားဖြစ်သူ သူ့ထက်တစ်နှစ်ကြီးသည့် မိုးဥတုရောက်ရှိလာခြင်းကို ပျော်ရွှင်ဖူးခဲ့ပါသည်။
သူ့ကို သိပ်ဂရုစိုက်သည့် မိုးဥတု။
သိပ်အလိုလိုက်သည့် မိုးဥတု။
သိပ်ကြင်နာတတ်သည့် မိုးဥတု။
အရမ်းကို ချောလွန်းတာမို့ ကျောင်းက ကျောင်းသူတွေ အသဲစွဲ စာတော်သည့် မိုးဥတု။
သူ သိပ်ဂုဏ်ယူဖူးခဲ့သေးသည်......။ ဒီအစ်ကိုကြီးက သူ့ကိုချစ်ပါတယ်ဆိုပြီးတော့ပေါ့။
YOU ARE READING
💗 I'm at your feet 💗
Romanceချစ်လို့ အလိုလိုက်တာပါဆိုတဲ့ ဆင်ခြေတစ်ခုနဲ့ ခင်ဗျားခြေရင်း ဦးချိုးပေးထားတဲ့ကောင်ပါ....ခင်ဗျားကလွဲရင် တစ်လောကလုံးသိတယ်
