Part 10

2.9K 238 62
                                    

"ကဲ အားလုံးပဲ နောက်ဆုံးအဆင့်ကိုရောက်သွားပါပြီ!!!!!!"

{ ဖြောင်း!!!!ဖြောင်း!!!!ဖြောင်း!!!!}

"ခုလို နောက်ဆုံးအဆင့်ထိကျန်ခဲ့တဲ့ ပြိုင်ပွဲဝင် ဆယ့်သုံးယောက်လုံးအတွက် အရမ်းကို ဂုဏ်ယူပါတယ်ခင်မျ။ နောက်ဆုံးအဆင့်မှာမေးမယ့် မေးခွန်းတွေက ကျောင်းစာထဲက မဟုတ်ဘူးဆိုတာကို သိထားပြီးသားဖြစ်မှာပါ။ ကဲ မြန်မြန်ပဲ စလိုက်ကြရအောင်!!!! အော် မစခင် စည်းမျဉ်းလေးအရင်ပြောပါ့မယ်။ ခုပြိုင်ပွဲအတွက်အချိန်သတ်မှတ်ချက်မရှိပါဘူး။ မေးခွန်းကလည်း ကျွန်တော့်နှုတ်ကခေါ်ပေးပြီးမှ  screen ပေါ်မှာပေါ်လာမှာပါ။ ဒါပေမယ့် အဖြေရတဲ့အခါ ရွှေရောင် ခလုတ်လေးကိုတန်းနှိပ်ပေးပါ။ ဘာလို့လဲဆိုတော့ ခုနောက်ဆုံးအဆင့်ရဲ့ ပထမဆုံးသောပြိုင်ပွဲမှာ အရင်ဆုံးဖြေကြားတဲ့သူ ငါးယောက်ကိုပဲလက်ခံသွားမှာပါ။ ‌ငါးယောက်ပြည့်သွားပြီဆိုပြီး ခလုတ်မနှိပ်ပဲတော့ မနေပါနဲ့ မှားတဲ့သူရှိရင် ခြောက်‌ယောက်မြောက်နှိပ်ထားတဲ့သူက ဖြေခွင့်ရှိလာမှာပါ...."

ရှိန်း အစီအစဉ်တင်ဆက်သူရဲ့စကားကို သေချာနားထောင်နေလိုက်တယ်။ သူထင်ထားတာထက် ဒီပွဲက လွယ်နေပေမယ့် အချိန်ကရှုပ်နေတာ။ ခုလည်း ငါးယောက်ပဲတဲ့...

"ဟူး....."

ရှိန်း သက်ပြင်းချပြီး ဖေဖေတို့ဘက်ကိုလှမ်းကြည့်မိတယ်။ ‌လက်တွေဝှေ့ရမ်းကာ အားပေးနေကြတာကို ‌မြင်နေပေမယ့် ခုနကလိုတော့ ပြန်ပြီးလက်လှမ်းမပြရဲတော့ပါဘူး။တော်ကြာနေ ရည်းစားလေးနဲ့ ဘာဖြစ်တယ် ညာဖြစ်တယ်တွေက လာဦးမယ်လေ......

-
-
-

အဂ္ဂိ သူ့နားမှာ လာထိုင်ပြီး ရေသောက်ကာ အမောဖြေနေပုံပေါ်တဲ့ ရှိန်းအဖေရဲ့မျက်လုံးတွေကို ကြည့်နေမိတယ်။ သူ့ရဲ့မျက်လုံးတွေက ပုံမှန်ထက်ပိုပြီးထူးခြားလွန်းနေတယ်။ အရင်က သူ့အနားမကပ်ဖူးတာကြောင့်ရော၊ စိတ်လည်းမဝင်စားတာကြောင့်ပါ သတိမထားခဲ့မိပေမယ့် ခုလိုအနီးကပ်ကြည့်မိတော့ ပုံမှန်နဲ့မှမတူတာ......

"ခင်များရဲ့မျက်လုံးတွေက အရင်ထဲက အဲ့အရောင်ပဲလား....."

"ဟင်....ဦးကိုပြောတာလား...."

Love Curse ( အချစ်ကျိန်စာ ) Season 3 Where stories live. Discover now