Part-(9)U

1.8K 39 5
                                    

မဟာ အောက်ထပ်ကို ဆင်းလာတော့ အစ်ကိုက လှေကားအဆင်းမှာ စောင့်နေတာကို တွေ့လိုက်ရသည်။

" ညီ လာတော့ လေ မနက်စာ စားကြရအောင် မုန့်တွေ ရောက်လာပြီ "

" ဟုတ် အစ်ကို "

" မမလေးရတီရော ညီ "

" ရတီ ခနနေရင် ဆင်းလာပါလိမ့်မယ် "

" အော် "

မဟာတို့ နှစ်ယောက် မနက်စာ စား နေတဲ့ အချိန်မှာ ရတီက အပေါ်ထပ်ကနေ ဆင်းလာလေသည်။ နောက်တော့ မဟာ့ဘေးနားက ခုံကို ဆွဲယူကာ ၀င်ထိုင်လိုက်သည်။

" မောင် နောက်ပြီးရင် ဘယ်သွားကြမှာလဲ "

" စိုက်ခင်းထဲ သွားကြမလို့ ရတီ.... ဘာဖြစ်လို့လဲ "

" မောင်တို့နဲ့ အတူတူ စိုက်ခင်းထဲ လိုက်မလို့လေ ဗဟုသုတ လဲ ရအောင်လို့ ။ ရလားဟင် "

" အင်း လိုက်ချင်ရင် လိုက်ခဲ့ လေ "

မဟာက ပြောပြီးပြီးချင်း မနက်စာကို ပုံမှန် အတိုင်းပြန်စားလေသည်။ မင်းခန့်လဲ ညီ့သဘော အတိုင်းဘဲ ဖြစ်လေသည်။

မဟာတို့ အားလုံး ထမင်းစားပြီးတော့  အိမ်အပြင်သို့ ထွက်လာကြသည်။ နောက်တော့ လမ်းလျှောက်ကာ စိုက်ခင်းစီ သို့ သွားကြသည်။ စိုက်ခင်း အ၀င်၀ ခြံနားရောက်တော့ မင်းခန့်က မဟာကို အနားသို့ ခေါ်လိုက်သည်။

" ညီ ... အစ်ကို့ နား ခနလောက်လာပါအုံး "

" ဟုတ်အစ်ကို "

မဟာလည်း အစ်ကို နားကို သွားလိုက်သည်။ အနားရောက်တော့ အစ်ကိုက ခြံ၀က လူတစ်ယောက်ကို ခေါ်ကာ တစ်ခုခုပြောလိုက်တော့ ထိုလူ့‌ေခါင်း‌ေပါ်က ခမောက် ကို ကိုယ်တိုင် ချွတ်ပြီး အစ်ကို့ကို ပေးလေသည် ။ ‌ထို့နောက် အစ်ကိုက ထိုခမောက်ကို ယူကာ သူ့အပေါ်သို့  အုပ်မိုးကာ သူ့ခေါင်းပေါ်သို့ ဆောင်းပေးလာလေသည်။

ထို ခဏ ၌ အစ်ကို့ရဲ့ ကိုယ်သင်းရနံ့ တစ်နည်း အတိအကျဆိုလျှင် ချွေးနံ့ ရောတဲ့ ယောက်ျားဆန်ဆန် အနံ့ကို ရလိုက်သည်။ တော်တော်လေးကို စွဲ မက်ဖွယ်‌ကောင်းကာ နမ်းရှိုက်ပြီးရင်း နမ်းရှိုက်ချင်နေမိတော့သည်။

ချစ်ခြင်း သစ္စာ Where stories live. Discover now