"နောက်ဆုံးပြိုင်ပွဲမှာ နံပါတ် ၂၀၁ အနိုင်ရရှိသွားပါတယ်!!!!!"
"ဟူး....ဟဲ့ရောင် ငါမိုက်တယ်မလား....."
"သွားစမ်းပါကွာ....ဟိုကောင့်ကိုငါသတ်ချင်နေရတဲ့ကြားထဲ....."
ငနိုင် ဒေါသထွက်နေပုံပေါ်တဲ့ ရှိန်းကြောင့် ချက်ချင်းပါးစပ်ပိတ်ထားလိုက်တယ်။ တော်ကြာ သူ့ဘက်လှည့်လာရင် ရန်ပွဲတွေဆက်ကုန်မှဒုက္ခ။ ဘာပဲဖြစ်ဖြစ် ဒီပထမအဆင့်မှာ အမှတ် ၃၀ တောင်ရထားတာပဲလေ။ ပထမအဆင့်တော့ ကျော်ဖြတ်နိုင်သွားပြီ......
"အားလုံးပဲနားဆင်ပေးကြပါ။ ခု ပြိုင်ပွဲရဲ့ ပထမအဆင့်ကတော့ အောင်မြင်စွာပြီးဆုံးသွားပါပြီ!!!!!"
{ ဖြောင်း!!!!ဖြောင်း!!!!ဖြောင်း!!!!!! }
"ပြိုင်ပွဲကြီးပြီးဆုံးသွားပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ပွဲတိုင်းမှာ အမှတ်မရခဲ့တဲ့ ပြိုင်ပွဲဝင်တွေကတော့ နှုတ်ဆက်ရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် နှုတ်ဆက်ရမယ့် သူတွေကို ခုပဲကြေညာပေးပါ့မယ်ခင်မျာ...... နံပါတ် ၆၊ နံပါတ် ၁၉၊ နံပါတ် ၂၃...........နံပါတ် ၁၈၀၊ နံပါတ် ၂၀၀တို့ပဲဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ နှုတ်ဆက်ရမယ့်သူက အားလုံးပေါင်း ၇၆ ယောက်ဖြစ်ပါတယ်။ အားလုံးပဲ အနာဂတ်မှာ နယ်ပယ်အသီးသီးရဲ့အောင်မြင်သူတွေဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်......"
-
-
-
"အဲ့တော့ ပြီးသွားတာလား...."သုတ သားလေးကို စိတ်ပူလို့ လှမ်းကြည့်နေတုန်း အဂ္ဂိကပြိုင်ပွဲပြီးသွားပြီလို့ ထင်နေပုံပေါ်တာကြောင့် မဟုတ်ကြောင်းရှင်းပြဖို့ လုပ်လိုက်တယ်....
"မပြီးသေးဘူးလေ အဂ္ဂိရဲ့...နောက်နှစ်ပိုင်း ကျန်သေးတယ်...."
"အော်....ဟိုတစ်ယောက်.....သူ့ကို ကျွန်တော်တစ်ခုခုလုပ်လို့ရလား....."
"ဟင်....ဘယ်တစ်ယောက်...."
ကွင်းထဲက တစ်စုံတစ်ယောက်ကို လက်ညှိုးကြီးထိုးပြီးမေးနေပုံပေါ်တဲ့ အဂ္ဂိကြောင့် ကြောင့် သုတကွင်းထဲကို လှမ်းကြည့်လိုက်တယ်။ သူထိုးပြနေတာက.....
"ဟယ်! မရဘူးလေ...ဘယ်သူ့ကိုမှ ဘာမှလုပ်လို့မရဘူးနော်...."
သုတသေချာကြည့်လိုက်မှ ရှိန်းနဲ့ရန်ဖြစ်တဲ့ တစ်ယောက်ကို ညွှန်ပြနေမှန်း သိလိုက်ရတာကြောင့် အမြန်ပဲတားရသေးတယ်။ သားလေး တစ်ချက်လောက်ထိုးလိုက်တာကိုတောင် သားလေးကိုရှုံးတယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ။ အဂ္ဂိသာတစ်ခုခုထလုပ်လိုက်ရင်........
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........