Part - (8)U

1.9K 32 6
                                    

"ဒေါက်!ဒေါက်!ဒေါက်! "

" ဟုတ်လာပြီ "

မဟာလည်း အခန်းတံခါးခေါက်သံ‌ကြားတော့ တံခါးဖွင့်လိုက်တော့ အစ်ကို ဖြစ်နေသည်။

" ညီ ..... ထမင်းစားကြရအောင်လေ အား လုံး ပြင်ပြီးသွားပြီ "

" ဟုတ် အဲ့ဆို သွားကြမယ် အစ်ကို "

မဟာတို့နှစ်ယောက် ထမင်းစားဝိုင်းမှာ ထိုင်လိုက်သည်။ ထမင်းဝိုင်းကိုကြည့်လိုက်တော့ အိမ်ကလောက် ဟင်းမများ ပေမယ့် အရသာရှိလောက်မည့် ပုံစံ လေး ပင်။

" ညီ စားနော် ဟင်းတွေ အဆင်မပြေရင် ပြောအုံး အစ်ကို ထပ်ပြင် ခိုင်းလိုက်မယ် "

" ရတယ် အစ်ကို ညီ က ဟင်းသိပ်မစား လို့ ဘာဖြစ်ဖြစ် အဆင်ပြေတယ် "

" ဒါဆို စားကြတာပေါ့ "

နှစ်ယောက်သား ထမင်းစားနေတဲ့ အချိန်အတွင်း ဘာစကားမှ မပြောကြပေ။ ထမင်းစားပြီးတော့လည်း နှစ်ယောက်သား ကိုယ်စီ အပေါ်သို့ တက်သွား ကြသည်။

မင်းခန့် ထမင်း စားပြီးတော့ အခန်းထဲသို့ မ၀င်သေးဘဲ ခြံထဲမှာ လမ်းလျှောက်နေလိုက်သည်။

သူကိုယ်တိုင် ညီ့ကို သဘောကျနေမှန်း အတည် ပြု ပြီးတဲ့ နောက်မှာ ညီ့ ကို တစ်ချိန်လုံး ကာကွယ် ပေးချင်လာသည်။ ညီ‌့‌ေဘး အနားမှာ အမြဲတမ်း စောင့်ရှောက်ပေးချင်လာမိသည်။ ဒါပေမယ့် သူသည် ညီ့ကို ဘယ်သောအခါမှ ထုတ်၍‌ ပြောမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ညီ့ ဘ၀ရှေ့ရေးအတွက် အဆင်‌မပြေနိုင်ပေ။

ညီက တစ်ချိန်ကျရင် ဂိုဏ်းကို ဆက်ခံပြီး အားလုံးကို အုပ်ချုပ်မယ့် အရှင်သခင် ဖြစ်လာမယ့်သူ ။ သူနဲ့ သာ တွဲနေပါက လိင်တူ နှစ်သက်သူဆိုပြီး လက်အောက်ငယ်သားတွေက ပုန်ကန်ပြီး မအုပ်ချုပ်နိုင်ဘဲ ဖြစ်နေလိမ့်မည်။ သူ့ခံစားချက်များကိုသာ သိမ်းဆည်းထားပါက ညီ့ ရဲ့ ဆက်ခံသူ အဖြစ်က ရေရှည်တည်တံ့နိုင်လိမ့်မည် ။

သူလည်း ညီရှိရာ အခန်းပြတင်းပေါက် ကို ကြည့်လိုက်တော့ မီးအလင်းရောင်က မရှိတော့ပေ။ သူလည်းဘဲ အိမ်ထဲသို့ ၀င်ကာ အိပ်ဖို့ ပြင်လိုက်ရသည်။

ချစ်ခြင်း သစ္စာ Where stories live. Discover now