Part - (7) U

1.9K 38 6
                                    

" ဟျောင့် သီဟ လာပြီလား ၊ မင်းကလည်း မျှော်လိုက်ရတာ ပေါ်မှ ပေါ်လာမလားလို့ တော်တော်နဲ့ ကို ပေါ်မလာဘူး "

" လမ်းမှာ ခနကြာသွားတာပါကွာ"

"မင်းက ကားနဲ့ လာတာ မဟုတ်ဘူးလား "

" မဟုတ်ဘူး အိမ်က ဘိုးတော်ကြီး နဲ့ စကား‌များလာလို့ ကား မ‌ယူလာမိဘူး"

သီဟ က ပြောလည်း ပြော အရှေ့က ဝီစကီ ခွက်ကို မော့ချလိုက်သည်။ ဘေးနားက သီဟ သူငယ်ချင်း ခိုင်မြဲ က တားလိုက်သည်။

"ဖြေးဖြေးသောက်လေ ငါ့ကောင်ရ "

" အေးပါကွ ငါနည်းနည်း စိတ်ရှုပ်နေလို့ပါ "

ခိုင်မြဲ လဲ ဘာမှ မပြောတော့ဘဲ သီဟ ဘေးနားက ထွက်သွားကာ လူအုပ်ကြားထဲ ၀င်ကာ သွားကနေလိုက်သည်။

သီဟ အတွေးများနေရသည်။ သူကိုယ်တိုင်က Gay လို့ မသတ်မှတ်ထားပေမယ့် မင်းခန့်ဆိုတဲ့ လူကို တွေ့လိုက်တဲ့ အချိန်မှာ သူ့ကိုယ်သူ Gay ဟုတ်လား မဟုတ်လားဆိုတာ မသေချာတော့ပေ။

မြင်မြင်ချင်း အချစ်ဆိုတာ တစ်ကယ်ရှိတာလား ........။

-------------------------------------

နောက်တနေ့

မင်းခန့် ညီ့ကို လေ့ကျင့်‌ေပးပြီးတော့ မနက်ဖြန် ခရီးထွက်ဖို့ လိုအပ်တယ့် ပစ္စည်းတွေ ၀ယ်ဖို့ centre ကို သွားနေသည်။

သွားနေတုန်းမှာဘဲ မီးပွိုင့်မိနေတဲ့ အချိန် ကားအနားသို့ R6 ဆိုင်ကယ် တစ်စီးက ကပ်လာပြီး ကားတံခါးကို လာခေါက်သည်။

မင်းခန့်လဲ ကားမှန်ကို ချလိုက်တော့ ဆိုင်ကယ်ပေါ်က လူက ဆောင်းထားတဲ့ ဦးထုပ်ကို ချွတ်ပြလိုက်တော့ မနေ့ညက တွေ့ခဲ့တဲ့ ကောင်လေးပင်။

ကောင်လေးက သူ့နောက်ကို လိုက်လာခဲ့ ဖို့ အချက်ပြသည်။ မင်းခန့်လဲ မီးပွိုင့်က မီးစိမ်း သွားတော့ ကောင်လေးဆိုင်ကယ်နောက်လိုက်ရသည်။

ကားရှင်းတဲ့ နေရာရောက်တော့ ကောင်လေးက ဆိုင်ကယ်ကို ရပ်လိုက်တော့ သူလည်းဘဲ ကားကို ရပ်ပြီး ကားပေါ်က ဆင်းလိုက်သည်။

ကောင်လေးက ဆိုင်ကယ် ဦးထုပ်ကို ချွတ်ကာ သူ့ဆီကို လျှောက်လာလေသည်။

ချစ်ခြင်း သစ္စာ Where stories live. Discover now