တဲဘေးကနေ ကပျာကယာ ထွက်လာတာတောင် အတော်လေး ဝေးသွားပြီမို့ အပြေးအလွှားလိုက်ရပြန်သည်။

'ကောင်းမြတ်သူ...ကောင်းမြတ်သူ...'

အပေါ်ပိုင်း ကိုယ်ဗလာနဲ့ ခေါင်းက စုတ်ဖွားပြီး ပုဆိုးက တိုတိုဝတ်ထားသေးသည်။

'ဘာလဲ...'

'ဘယ်သွားမလို့လဲ...'

'ဟိုကောင်တွေလေ...ငါ့ခြင်ထောင်ကြိုးယူသုံးတာ သွားရှင်းမလို့...ေ-ာက်စည်းမရှိ...ကမ်းမရှိနဲ့...ငါ့မှာ ခြင်ထောင်မရှိပဲ အိပ်ရတာ..ခြင်က ကိုက်တာ တစ်မျိုး...'

ဆု ပြောဖို့ စိတ်ထဲ တွန့်ဆုတ်သွားသော်လည်းပဲ သူများတွေ အဆူအပြောခံရမှာ သူ့ကို အထင်လွဲကြမှာ စိတ်ပူလို့ တံတွေးတစ်ချက် မြိုချလိုက်ရသည်။

'ဟို..ဟိုဟာ...အဲ့ကြိုးက ငါယူတာ..အဝတ်တန်းပျက်ကျသွားလို့ ယူသုံးပြီး ပြန်ထားဖို့မေ့နေတာ...'

'ဪ...ကောင်းတယ်..ကောင်းတယ်..'

သူက ခြင်ထောင်ကြိုးကိုင်ထားတဲ့ လက်နဲ့ ရွယ်လိုက်တော့ ဆုပခုံးကျုံ့ မျက်လုံးမှိတ်လိုက်မိသော်လည်း ခေါင်းပေါ်ကို တစ်ခုခု ထိရုံသာ ခံစားလိုက်ရပါသည်။

'ငါ့ကို ဒုက္ခပေးတာ..ပေးတာဆိုတာလေ...'

ဆု့ မျက်လုံးပြန်ဖွင့်လိုက်ပေမဲ့လည်း ခေါင်းကို ခြင်ထောင်ကြိုးနဲ့ နှစ်ချက် ထပ်ရိုက်သေးသည်။

'ဆောရီး..'

'သွား..တစ်ခါတည်း ပြန်တပ်ပေး..'

ဆု ခြင်ထောင်ကြိုးကို ဆွဲယူပြီး တဲပေါ်တက်လာကာ အခန်းဝရောက်တော့မှသာ အသိဝင်သည်။

ဒီအခန်းဝင်ရင် သူပဲ ပြဿနာရှာတာလေ...။

တဲပြင်ကို လှမ်းကြည့်လိုက်တော့ မရှိနေလို့ ဆု အခန်းထဲကို ဝင်သွားလိုက်သည်။

ခြင်ထောင်က လုံးထွေးပြီး အခန်းထဲလည်း နေမဝင်တော့ ချဉ်စူးစူး အနံ့ပင် ထွက်နေပြီ..။

ခြင်ထောင်ကို ဆွဲယူပြီး လုံးထွေးကာ ဘေးမှာ ချပြီး ခေါင်းအုံးကိုလည်း ခြေရင်းကနေ ပြန်ရွေ့ရသည်။

အခင်းစောင်ကလည်း တွန့်လုံးနေတာပဲ..။

ဘယ်လိုများ အိပ်ပျော်လဲ မသိပါဘူး..။

လခြမ်းပဲ့Where stories live. Discover now