Part 7

3.3K 256 38
                                    

"ဟဲ့ရောင်ရှိန်း မင်းတစ်ခုခုတော့မှားနေပြီထင်တယ်။ သေချာစဉ်းစားဦးနော်....."

အဂ္ဂိကိုတွေ့ပြီးပြီးချင်း နှစ်ယောက်ထဲစကားခနပြောရအောင်ဆိုပြီး သန့်စင်ခန်းဘက်ကို အတင်းဆွဲခေါ်‌ကာ မရိုးနိုင်အောင်တစ်မျိုးပြီးတစ်မျိုးပြောချင်ရာပြောနေတဲ့ ငနိုင်ကြောင့် ရှိန်းတောင်စိတ်ညစ်လာပြီ။

"တကယ်ပါဆိုကွာ....."

"မဟုတ်သေးဘူးနော်။ ဟာ!!!!!"

"ဘာလဲကွ! လန့်လိုက်တာ....."

ရုတ်တရတ် ထအော်တဲ့ငနိုင်ကြောင့် ရှိန်းမှာ နှလုံးပွင့်မတက်လန့်ဖြန့်သွားတယ်။ ခုရက်ပိုင်းနှလုံးသားလေးကနူးညံ့နေတာ ဘာဆိုဘာမှကိုအလန့်တကြားလုပ်လို့မရဘူး။ အဂ္ဂိရဲ့ အချစ်တွေကြောင့်နေမယ်.......

"အဲ့တာပဲ....ခုတောင်မင်းပုံမှန်မဟုတ်တော့ဘူး..."

"ဘာလဲကွာ..."

"ဟုတ်တယ်။ သေချာနေပြီ။ မင်းမိဘတွေကိုအသိပေးမှရမယ်။ စကားတွေလည်း တောင်ရောက်မြောက်ရောက်ပြောတယ်။ ခုလဲ ငါဘာမှမပြောပဲပြုံးစိစိ‌လုပ်နေတယ်။ ပြီးတော့ ဟို‌Hybridကြီးကိုလည်း မင်းအသေရရ၊အရှင်ရရဆိုပြီး မွှန်ထူနေတယ်။ သေချာနေပါပြီ။ မင်းပြုစားခံရတာပဲ!....."

"ဟာ....ပေါက်ကရတွေ.....ငါက .."

"မင်းသန့်နိုင်!!!!!!"

"ဒယ်ဒီ......."

ငနိုင် ရှိန်းနဲ့စကားပြောနေတုန်း ဒယ်ဒီကရောက်လာတာကြောင့် တစ်ကိုယ်လုံးတုန်တက်သွားတယ်။ သူ့နာမည်ကို ဒေါသတကြီးခေါ်နေပုံထောက် သေချာပေါက် သူခါးပတ်စာမိတော့မှာ.......

"မင်းကိုငါဘယ်လောက်ထိလိုက်ရှာနေရလဲမင်းသိလား။ အလေလိုက်ဖို့ကလွဲပြီးဘာမှမသိတဲ့ကောင်!!! ဆန်ကုန်မြေလေးကောင်...."

ရှိန်း အော်ကြီးဟစ်ကျယ်ဆူနေတဲ့ငနိုင့်ရဲ့အဖေနဲ့ ခေါင်းငိုက်စိုက်ကျကာ အခြားတစ်ယောက်ချက်ချင်းပြောင်းလဲသွားသလို တုန်နေတဲ့ငနိုင်ကြောင့် အခြေအနေတွေ မဟန်တော့ဘူးဆိုတာသဘောပေါက်သွားတယ်။ဘာပဲဖြစ်ဖြစ်ဝင်ညှိပေးရမှာပေါ့.....

"ဟို....အန်ကယ်...."

"ဟင်...သားက မဟာအိမ်တော်ကမလား။
ရှိုင်းသုတမဟာလား...."

Love Curse ( အချစ်ကျိန်စာ ) Season 3 Where stories live. Discover now