'ခင်ခင် သယ်ပေးရမလား..မမဆု...'

ခင်ခင်က ဖြူစင်လွန်းတဲ့အပြုံးလေးဖြင့် လက်ကမ်းနေတော့ ဆု ဆွဲခြင်းတောင်းကို နောက်ဆုတ်လိုက်မိသည်။

ဆု က စိတ်ခံစားချက်ကို ဟန်မဆောင်တက်လို့ ပြဿနာတွေ အများကြီး တက်ခဲ့ပြီးပြီ..။

သူ့တစ်ယောက်တည်းကိုတော့ ဟန်ဆောင်စရာမလိုတဲ့ တီးတိုးတိုင်ပင်ဖော်လို့ သတ်မှတ်ပြီး ပွင့်လင်းရိုးသားစွာ ဆက်ဆံပါသည်။

ဘယ်လောက်ပဲ သည်းခံတက်တဲ့စိတ်ကို သွင်းပါစေ "နင် ထပ်ပြီး ဟန်မဆောင်ပါနဲ့တော့"လို့ ပြောပစ်ချင်နေသည်။

'ပေးလေ..မမဆု...ခင်ခင် သယ်ပေးမယ်..အိတ်က သုံးအိတ်ကြီးတောင်...အစ်မတို့ကလည်း ခိုင်းလို့ရတိုင်း စွပ်ခိုင်းနေတာပဲ...ပူစူးမကျတော့ ဖုန်းချည်းနှိပ်နေတယ်...ဪ..အစ်ကို လည်း ခု သက်ဝေဘက်ကို ပြောင်းသွားပြန်ပြီ ထင်တယ်သိလား..မနေ့တုန်းက ထမင်းတွေဟင်းတွေကို သက်ဝေကို ပေးလိုက်တယ်တဲ့..တော်တော် ရှုပ်တဲ့ပွေတဲ့လူ...အဲဒါကြောင့် မမဆု နဲ့ ကွဲတာ ဖြစ်မယ်...ဟုတ်တယ်မလား...'

'ခင်ခင်...'

ဆု ခပ်ပြတ်ပြတ် ခေါ်လိုက်ပေမဲ့ ခင်ခင် က ရိုးသားဟန်မျက်လုံးဝိုင်းလေးတွေဖြင့် မော့ကြည့်သည်။

သူ ပြောသလိုု စာရိတ္တ ကိုယ်ကျင့်တရား ဗီဇ အရဆိုရင်တော့ ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး.။

ဘယ်လို ရှေ့ဆက်မလဲ။

ဆုလည်း အိပ်ချိန်လောက်ပဲ အခန်းကို ပြန်ရတာပါ...။

မြင်ရတွေ့ရ အဆင်မပြေလည်း ရှောင်နေလိုက်လို့ရတာပါပဲ..။

ဒီနည်းလမ်းနဲ့ပဲ ဆု အလုပ်မှာ သက်တမ်းကြာနေတာ..။

'ဘာလဲဟင်..မမဆု...'

'မဟုတ်ပါဘူး...အလုပ်ချိန် နီးနေပြီ..ပြင်တော့လေ...နောက်ကျနေရင် မမ ဆူလိမ့်မယ်...ရတယ်.. နိုင်ပါတယ်...'

အိတ်တွေကို မ ပြီး ခြေလှမ်းမြန်မြန် ဖြင့် အိမ်ဘက်ကို ဦးတည် သွားလိုက်သည်။

ဘေးတံခါးကို ဂျက်ဖွင့်ပြီး ဝင်လိုက်၇င်း သက်ပြင်းတစ်ချက်ရှိုက်မိသည်။

လခြမ်းပဲ့Tempat di mana cerita hidup. Terokai sekarang