'ဟုတ်...တွေ့ဖြစ်ပါတယ်...မသူ..'

'ဟဲ့...ဆိုက်ကယ်ရပြီ...'

'အေး..လာပြီ..လာပြီ..စကားကောင်းနေတာ..မိဆုရေ...ရွာကို မိသားစုလိုက် လာလည်ဦးလေ...'

'ဟုတ်ကဲ့..မသူ...လာခဲ့ပါမယ်..'

မသူတို့ ထွက်သွားတော့မှသာ ဆု သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။

နှစ်နှစ် ဆိုတော့...။

'လုပ်ငန်းက သူနဲ့တွဲလုပ်မှ တိုးတက်ပြီး အဆင်ပြေသွားတာဟဲ့..မဟုတ်ရင် ရုံတောင် ပိတ်ရမလို ဖြစ်နေတာလေ...'

'ကိုပိုင့်ကို လုပ်ငန်း စိတ်ဝင်စားလို့ ရှယ်ယာ ထည့်ချင်တယ်လို့ ဖုန်းဆက် ပြောတာလေ... သိတာတော့..မကြာသေးပါဘူး..ကျေးဇူးတော့ အများကြီး ရှိတယ်..'

'..........'

ဆု အတွေးတွေဖြင့် ငါးဖယ်ဆိုင်ရှေ့ကို ပြန်ရောက်လာခဲ့သည်။

ဒီအလုပ်ရုံနဲ့ သူသိတာက ဆု့ကြောင့်များလား..။

မဖြစ်နိုင်ပါဘူး..။

သူက စီးပွားရေးသမား တစ်ယောက် ဖြစ်နေပြီပဲ..။

သူ့အတွက် အကျိုးအမြတ်ရှိလို့သာ အလုပ်တွဲလုပ်တာ နေမှာပါ..။

မဖြစ်နိုင်ဘူူး။

'ရပြီနော်...'

'ရှင်..ဟုတ်...'

ဆု ငွေရှင်းပေးလိုက်ပြီး ဆွဲခြင်းထောင်းထဲ ထည့်လိုက်ကာ တခြား ဟင်းအတွက် လိုအပ်တာတွေ လိုက်ဝယ်ရသည်။

ဈေးက ပြန်လာတဲ့ လမ်းတစ်လျှောက်မှာလည်းပဲ ဆု့အတွေးတွေက ရှုပ်ထွေးနေပါသည်။

ခုနှစ်နှစ်လောက် လုံးဝ အဆက်အသွယ်ပြတ်ကာ ဝေးကွာနေတဲ့လူတစ်ယောက်က ရုတ်တရက်ကြီးအနားကို ပြန်ရောက်လာတာ တိုက်ဆိုင်မှု ဖြစ်နိုင်ပါ့မလား..။

ဒါဆို ဘာဖြစ်လို့လဲ..။

ဘာလို့ ခုလိုတွေ လုပ်ရတာလဲ..။

'မမဆု..ဈေးကပြန်လာပြီလား...'

'ဟင်..အင်း...'

ဆု စက်ဘီးနေရာချနေရင်း ခင်ခင်က အနားကို ရောက်လာတာကိုပဲ စိတ်ထဲ ထိတ်သွားသည်။

လခြမ်းပဲ့Where stories live. Discover now