အပိုင်း ( ၈ )

274 32 8
                                        

[ Uni ]

လေအေးအေးရဲ့ တိုက်ခတ်မှု့ကြောင့် ဂ‌ယောင်ဆူးရဲ့ ဖွင့်ဖို့ခက်နေတဲ့ မျက်ဝန်းတွေ ပွင့်ကုန်သည်။ ထင်တဲ့အတိုင်း လှမ်းကြည့်တော့ ပြတင်းပေါက် မပိတ်မိခြင်းပေ။

ကုတင်ခေါင်းရင်းက နှိုးစက်နာရီအသေးလေးက သုံးနာရီကို ဖော်ပြနေသည်။ ကြည့်ရတာ မနက်လင်းပိုင်း သုံးနာရီ ဖြစ်လိုက်မည်။

ပုံမှန်ပြတင်းပေါက် ဖွင့်ပြီးအိပ်လည်း ဂယောင်ဆူး နိုးမလာတက်တာတော့ အမှန်ပင်။ သေချာဆန်းစစ်လိုက်မှ သူ၏ ဗလာကျင်းနေသော ခန္ဓာကိုယ်ကြောင့် အောက်နှုတ်ခမ်းကို ဖိကိုက်မိသည်။

ညက သူနဲ့ ချန်းယောလ်နဲ့!
ပြန်တွေးပြီး မြင်ယောင်လာတဲ့ အတွေးနဲ့ ပုံရိပ်တွေကြောင့် ခေါင်းကို ခါယမ်းလိုက်သည်။

" အင်း ... "

ခါးပေါ်က တင်းကျပ်သွားတဲ့ ခံစားချက်ကြောင့် ဘေးကို လှည့်ကြည့်မိတော့ ချန်းယောလ်ရဲ့မျက်နှာက အနီးကပ်ဆုံးအနေအထားမှာ။

ချန်းယောလ်ရဲ့ မျက်နှာအစိတ်အပိုင်းတွေမှာ နှစ်မျောသွားပြီး ညက ချွေးစက်တွေနဲ့ စိတ်အားထက်သန်စွာ စွမ်းဆောင်ခဲ့တဲ့ ချန်းယောလ်ပုံရိပ်ကိုပါ မြင်ယောင်လာတော့သည်။ ခါးပေါ်က ချန်းယောလ်လက်တွေကို အပေါ်ကထပ်ပြီး ခပ်တင်းတင်းဆုပ်ကိုင်မိသည်။

" မအိပ်ပဲ ဘာလုပ်နေတာလဲ။ တစ်နေ့လုံး ပင်ပန်းထားတယ်မလား။ "

ချန်းယောလ်နိုးသွားမှာစိုးလို့ သက်ပျင်းတောင် တိုးတိုးလေး ချလိုက်ပေမဲ့ မျက်ဝန်း‌တွေ မဖွင့်သေးတဲ့ ချန်းယောလ်က ဂယောင်ဆူးဖက်ကို ပိုတိုးဖက်ပြီး ပြောလာသည်။

ဂယောင်ဆူး ဘာမှ ပြန်မဖြေပဲ ချန်းယောလ်ကို ကျောပေးပြီး လှည့်အိပ်လိုက်သည်။ ဒီအချိန် ချန်းယောလ် မျက်လုံးဖွင့်လာရင် သူ့ရဲ့ အရှက်လွန်ပြီး နီရဲနေတဲ့ မျက်နှာကို မြင်သွားမှာ။

" ဟ ဟ "

နောက်ကျောဖက်မှာ သိုင်းဖက်ထားတဲ့ ‌ချန်းယောလ်ဆီမှ ခပ်ဟဟ ရယ်သံလေး ပျံ့လွှင့်လာသည်။ ဂယောင်ဆူးရဲ့ ဂုတ်ပိုးလေးကို ချန်းယောလ်က အနမ်းဖွဖွတွေ ပေးတော့ တွန့်သွားတဲ့ ခန္ဓာကိုယ်လေးက ချစ်စရာအတိ။

မုန်းခွင့် မရှိတဲ့ " မောင် "Where stories live. Discover now