အပိုင်း ( ၉ )

242 36 8
                                        

[ Uni ]

" ပတ်ချန်းယောလ်! မင်း ကိုယ့်ကိုယ်ကိုယ် အလေလိုက်လွန်းတယ် မထင်ဘူးလား။ မင်းအသက်လည်း ငယ်တော့တာမဟုတ်ဘူး။ ငါက အကောင်းစီစဉ်ပေးမယ် ပြောနေတာ။ ဘာတွေ လက်မခံနိုင်ဖြစ်နေတာလဲ။ ဟမ်! "

ဖေဖေ့ရဲ့ မာထန်နေတဲ့ အသံနဲ့ တွန့်ချိုးထားတဲ့ မျက်ခုံးတို့ကြောင့် ချန်းယောလ် စိတ်‌တွေ ပိုရှုပ်ထွေးလာပြီး ခေါင်းကို အားပါပါကုတ်ပစ်သည်။

ဖေဖေက ချန်းယောလ် အပြုအမှုကို အလိုမကျသလို ကြည့်ပြီး သက်ပျင်းချသည်။

" ကျွန်တော့်ကိုပဲ ဘာလို့ ဇွတ်ရော အတင်းရော ဖိအားပေးနေတာလဲ။ ယွန်းမီတစ်ယောက်လုံးရော ရှိနေသေးတာကို။ "

" မင်းအစ်မမှာ ရည်ရွယ်ထားပြီးတဲ့သူ ရှိပြီးသား။ မင်းဟာမင်းပဲ စဉ်းစားစမ်းပါ။ အခု ငါစီစဉ်ပေးတဲ့ မိန်းကလေးနဲ့ မင်းသွားတွေ့ရမယ်။ အထွန့်မတက်နဲ့။ "

ပြောပြီးသည်နှင့် ဖေဖေက အခန်းတံခါးကို အားပါပါဆောင့်ပိတ်ပြီး ထွက်သွားသည်။

ချန်းယောလ် စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ် အားပါပါလှဲချပြီး လေပူတွေ မှုတ်ထုတ်ပစ်သည်။

ဖေဖေ့ကို သူဘာလို့ မလွန်ဆန်နိုင်ရတာလဲ။ ငယ်စဉ်ကတည်းက ရလာတဲ့ ဖိအားတွေရဲ့ အရှိန်အဝါက ဖေဖေ့ဆီ ကျန်နေသေးသည်။

လူမှန်းသိတက်စ အရွယ်ကတည်းက ချုပ်ချယ်ပြီး သေးသေးလေးကအစ လိုက်စီမံတက်တဲ့ အဖေဖြစ်သူကြောင့် အဲ့ဒီလောင်းရိပ်အောက်ကနေ ချန်းယောလ် ရုန်းထွက်ပစ်ချင်သည်။

‌ကိုယ့်နည်းတူ ယောကျာ်းလေးတစ်ယောက်ကို ချစ်ရဲပြီး အဖေဖြစ်သူ လက်မခံရင်တောင် ချပြဖို့ သတ္တိရှိပေမဲ့ ‌ဖေဖေ့အရှိန်အဝါတွေက ကြီးမားလွန်းနေသည် ဖြစ်မည်။

Ring_

သည်းငယ်ဆိုတဲ့ Contact name ကြောင့် ချန်းယောလ်ရဲ့ ညစ်ထေးကာ ရှုပ်ထွေးနေတဲ့ စိတ်တွေက သုံးပုံ နှစ်ပုံလောက် ကြည်လင်သွားသည်။

* မောင် *

ချန်းယောလ်ဖက်က အစမပြုရသေးခင် မောင်ဆိုတဲ့ ခပ်လောလောခေါ်သံလေးကြောင့် ပြုံးမိလိုက်သေးသည်။

မုန်းခွင့် မရှိတဲ့ " မောင် "Where stories live. Discover now