မဟာ နာရီကို ကြည့်လိုက်တော့ သုံးနာရီဘဲ ရှိသေးသည်။ ဒါကြောင့် ခနလောက် မှေးနေလိုက်သည်။ သူတစ်ရေးနိုးတော့ ငါးနာရီ ခွဲ နေပြီ ။ ရေချိုးခန်းပြီး ပြန်ထွက်လာတော့ ခြောက်နာရီ ထိုးနေပြီ ဖြစ်သည်။
' ဒေါက် ! ဒေါက် ! ဒေါက်! '
"သခင်လေး ခင်ဗျ ၊ ပါတီအတွက် သခင်ကြီး ပို့ခိုင်းလိုက်တဲ့ ၀တ်စုံ လာပို့တာပါ ခင်ဗျ"
မဟာလည်း တံခါးဖွင့်ပေးလိုက်သည်။
" သခင်ကြီးက ဒီ၀တ်စံုနဲ့ ပါတီ ပွဲ ကို သွားပါတဲ့ "
" ဟုတ်ကဲ့ ကျွန်တော်၀တ်လိုက်ပါ့မယ် "
မဟာလည်း ၀တ်စုံကို ၀တ်လိုက်တော့ သူနဲ့ ကွတ်တိပင် ။ အနက်ရောင် suit ကိုမှ ရိုးရိုးရှင်းရှင်းနဲ့ တော်တော်လေးကို အထက်တန်းဆန်တဲ့ ဒီဇိုင်းဖြစ်သည်။
မဟာ လည်း အောက်သို့ ဆင်းလာတော့ အစ်ကိုက သူ့ကို စောင့်နေသည်။
"သွားကြရအောင်လေ အစ်ကို "
မဟာလဲ ပြောပြီးပြီးချင်း သွားမယ်လုပ်နေတုန်း ဖုန်းလာတာကို contact name ကြည့်လိုက်တော့ ရတီဖြစ်နေသည်။
" ဟယ်လို ရတီ ၊ ကိုယ်အခုလာေနပြီ။ "
"မြန်မြန်လာတော့လေ ၊ ပါတီမှာ လူတွေ စုံနေပြီ ။ မောင့်ကို စောင့်နေတာ မောင်လာမှ ကိတ်ခွဲမှာ "
"အခုလာနေပါပြီ ဗျာ ....။"
" မြန်မြန်လာခဲ့လို့ "
"လာနေပါပြီ ဗျာ "
"ပြီးေရာ အဲ့ဒါဆို ဖုန်းချလိုက်ပြီနော် "
"ဒါဘဲနော်"
မဟာလည်း ဖုန်းချလိုက်ပြီး ကားတံခါးဖွင့်မယ်လုပ်တော့ အစ်ကို က ဖွင့်ပေးလာသည်။ သူလဲ ကားပေါ်တက်လိုက်သည်။
နောက်ေတာ့ အစ်ကိုက ကားမောင်းေနရင်း သူ့ဘက်သို့ လှည့်လာကာ
"မမလေးရတီက ညီ့ကို တော်တော်လေး ခင်တွယ်တာပဲနော်"
"သူနဲ့ ကျွန်တော်နဲ့က ငယ်ငယ်ကတည်းက အတူစား အတူသွားတဲ့ သူငယ်ချင်းတွေ ဆိုတော့ သံယောဇဉ်က မနည်းဘူးလေ "
YOU ARE READING
ချစ်ခြင်း သစ္စာ