Part-1

94K 3.5K 29
                                    

Zawgyi...

Chanyeol သူ့ကား​လေးကို ဆင်​၀င်​​အောက်​ရပ်​လိုက်​သည်​နှင့်​တပြိုင်​နက်​....

" ဒုန်း! "

ကားတံခါး​လေးကို​ ​ဆောင့်​ပိတ်​ပြီးအိမ်​ထဲကို​ ​ဒေါသတကြီးဝင်​သွားတဲ့​ကောင်​​လေးကို လိုက်​​ချော့ဖို့ Chanyeolလည်း ကား​ပေါ်ကအမြန်​​ပြေးဆင်းလိုက်​ရတယ်​...

" Baby..Baek , Baekhyun ah!! "

သူဘယ်​​လောက်​ပဲ​အော်​​အော်​မရပါဘူး..။ဟိုအ​သေး​လေးက တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့​ ​ကြောင်​လိမ်​​လှေကားကြီးကို​ ​ပြေးတက်​ပြီးအိပ်​ခန်းထဲဝင်​သွားတယ်​...

" ဟူး...မလွယ်​​ကြော​လေး..."

Chanyeolသက်​ပြင်း​လေးအသာချပြီး ​ဘေးဘီကြည့်​လိုက်​​တော့ ဘယ်​အချိန်​ကတည်းကမှန်းမသိ သူ့​ဘေးမှာ ရို့ရို့ကျိုးကျိုးရပ်​​နေတဲ့ အိမ်​​တော်​ထိန်းIn..

" အာ..Mr.Inအ​တော်​ပဲ..အရန်​သင့်​ပြင်​ထားလိုက်​ပါ..အခန်းပြန်​သန့်​ရှင်း​ရေးလုပ်​ဖို့.. "

" Nae.. "

Mr.In​ပြောပြီးလှည့်​ထွက်​သွားတယ်​..Chanyeol သိ​နေတာ​ပေါ့ သူ့ရဲ့အ​သေး​လေးအ​ကြောင်းကို...

" ဟင်း...Baeရယ်​ မင်း​ရောက်​လာမှပဲ ကိုယ့်​အခန်းလည်း အမြဲတမ်းသန့်​ရှင်း​ရေးလုပ်​​နေရ​တော့တယ်​... "

သိပ်​မကြာပါဘူး...အ​ပေါ်ထပ်​သူ့တို့အခန်းထဲက​နေ တဖုန်းဖုန်းထုသံ​တွေကြားလိုက်​ရတယ်​...။Yeolလည်း လွှတ်​ထားလိုက်​တယ်​..။ သွားဆွဲလို့မဖြစ်​ဘူး​လေ...ဟိုတခါကသွားဆွဲလိုက်​တာ.." ဘာလို့ လာဆွဲရတာလဲ အင့်​ဟာ "..ဆိုပြီး​ ခေါင်းကိုရိုက်​ထည့်​လိုက်​တာ ကြယ်​​တွေလ​တွေကိုစုံ​နေရတာပဲ...မြင်​လိုက်​ရတာ..

" ခွမ်း.... "

" ဟာ ကွဲပြီဟ..ငါ့ပန်းအိုး..​အော်​ ငါ့နှယ့်​အိုးကွဲတာအ​ရေးမကြီးပါဘူး..​တော်​​နေကြာအ​သေး​လေး​ ခြေ​ထောက်​​တွေစူးကုန်​​တော့မှာ.... "

Chanyeol စိတ်​ပူပူနဲ့ အိမ်​​ပေါ်​ပြေးတက်​မယ်​လုပ်​​တော့..Mr.In​ရောက်​လာပြီး...

Calm Down My Bad Boy(chanbaek/baekyeol yaoi)..Completed {Zawgyi+Unicode}Where stories live. Discover now