Part 5

3.6K 261 32
                                    

အဂ္ဂိ ရှိန်းကိုတစ်နေကုန်ထိုင်ကြည့်နေတာ။ သူထိုင်ကြည့်နေတဲ့တစ်ချိန်လုံးလည်း ရှိန်းက အဲ့စားပွဲခုံကနေ ထကိုမထဘူး။ ခုဆို သူဒီအိမ်ပေါ်ရောက်နေတာ တစ်လတောင်ကျော်နေလောက်ပြီ။ အဲ့တာကြောင့် ဒီအိမ်ကလူတွေနဲ့လည်း ရင်းနှီးသင့်သလောက်ရင်းနှီးနေပြီ။ ဒီအချိန်အတွင်းသိလိုက်ရတာက ရှိန်းက ထင်ထားတာထက်တောင် တလွဲလုပ်တက်သေးတယ်ဆိုတာပဲ။ ပြီးတော့ သူ့ကိုယ်သူ ကလေးများထင်နေလားမသိဘူး။ တစ်ခါတစ်လေကြ ထမင်းလည်း သူဘာသာစားချင်မှစားတာ။...

နေ့လည်ကဆို ရှိန်းအဖေဆိုတဲ့တစ်ယောက်က အခန်းထဲထိတောင်လာပြီး ထမင်းခွံကျွေးသွားသေးတယ်။ လူတွေက ဒီအရွယ်ကြီးလည်း ထမင်းခွံကျွေးကြတာပဲလား။ အဲ့လိုစဉ်းစားမိတော့ အဂ္ဂိစိတ်ထဲတစ်မျိုးဖြစ်သွားတယ်။ ရှိန်းကိုကြ ဒီအရွယ်ထိတောင် ရှိန်းရဲ့အဖေကထမင်းခွံကျွေးတယ်ဆိုတော့....  သူငယ်ငယ်တုန်းကရော အဲ့လိုကျွေးမယ့်သူရှိခဲ့ဖူးလား.......

"ဟာ!!!....ရူးတော့မှာပဲကွာ...."

အဂ္ဂိ အတွေးလွန်နေတုန်း စာကြည့်စားပွဲပေါ်က စာအုပ်ပုံကြားထဲ ခေါင်းစိုက်ပြီး တစ်ခေါင်းလုံးကို ရစရာမရှိအောင် ဆွဲလိုက်ကုတ်လိုက်လုပ်နေတဲ့ရှိန်းကြောင့် ချက်ချင်းထကာ ရှိန်းရဲ့လက်တွေကို ရပ်သွားအောင် ချုပ်ထားလိုက်တယ်.....

"ရှိန်း....."

"ရွှတ်! အဂ္ဂိ...အီးဟီး....."

"မင်းဘာဖြစ်နေတာလဲ....."

ကိုယ် သူ့နားရောက်တာနဲ့ရင်ခွင်ထဲ ခေါင်းတိုးကာ ငိုနေတဲ့ရှိန်းကြောင့် အဂ္ဂိဒေါသထွက်လာတယ်.....

"ရှိန်း....မင်းကို ဘယ်ကောင်ဘာလုပ်တာလဲ....ငါ့ကိုပြော...မင်းဘယ်သူ့ကြောင့်မှငိုစရာမလိုဘူးလို့ပြောထားတယ်လေ....."

"သူလုပ်တာ....."

အဂ္ဂိ ရှိန်းလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တော့ အဲ့တာစာအုပ်ပုံပဲ....

"အဂ္ဂိ....ငါ...ငါဘာမှမမှတ်မိတော့ဘူး....
ပြိုင်ပွဲရက်ကလည်းရှေ့တိုးလိုက်တယ်တဲ့ နောက်အပတ်အင်္ဂါနေ့ကွ...ခုပဲကြာသပတေးလေ။ ရက်ပိုင်းပဲကျန်တော့တယ်။ ငါက လေ့ကျင့်ရေးစခန်းလည်းမဝင်လိုက်ရဘူး။ ငါရူးတော့မယ်။ ငါမရှုံးချင်ဘူး...ငါအများကြီး မျှော်လင့်ထားတာ...ငါသာ ဒီပွဲမှာနိုင်ရင် ငါကြိုက်သလိုဆုံးဖြတ်ခွင့်ရမှာကွ...အဲ့ကျရင် ငါမင်းနဲ့လိုက်ခဲ့ပြီး မင်းနဲ့အတူနေမယ်။ ပြီးရင် မတူညီတဲ့မျိုးစိတ်တွေကိုလေ့လာပြီး စာတမ်းပြုစုမယ်။ ငါ့စာတမ်းသာ ပြည့်စုံသွားရင် ငါဘွဲ့ရမယ်။ အဲ့တာအရင်ထဲက ငါ့အတွေးပဲ။ ဖေဖေက ငါ့ကိုပညာရေးဆုံးခန်းတိုင်စေချင်တာကွ။ ငါကလည်း မင်းနဲ့မခွဲနိုင်ဘူး။ အဲ့တာကြောင့်ငါငယ်ငယ်လေးထဲက ဒီပြိုင်ပွဲအတွက် အများကြီးကြိုးစားခဲ့ရတာ။ ခုတော့ကွာ...."

Love Curse ( အချစ်ကျိန်စာ ) Season 3 Where stories live. Discover now