မဟာလည်း လေ့ကျင့်တဲ့ နေရာကနေထွက်လာကာ ရေချိုးခန်းထဲ သို့ ချက်ချင်း၀င်ကာ ရေချိုးလိုက်ရဝောာ့သည်။ ရေချိုးပြီး နောက် အိမ်တော်ထိန်းက ထမင်းစားဖို့ လာခေါ်တော့ အောက်ထပ်ကို ဆင်းလာသည်။
ထမင်းစားခန်းရောက်တော့ အဖေက ထမင်း စားနေတာကို တွေ့လိုက်သည်။ သူလဲ အဖေ့နားသို့ ၀င်ထိုင်ကာ ထမင်းစားလိုက်သည်။
ထမင်းစားနေတဲ့ အချိန် အတွင်း နှစ်ယောက်သား ဘာစကားမှ မပြော ဖြစ်ပေ။
ထမင်းစားပြီးတဲ့ အချိန်ကျတော့ အစ်ကိုက အဖေ့အနားလာရပ်သည်။
နောက်တော့ အဖေက စကားစလာသည်။
"ဒီနေ့ လေ့ကျင့်ရေး စတာ ဘယ်လိုလဲ "
"ဟုတ် အဆင်ပြေပါတယ် "
"မင်းခန့်လဲ မဟာ ကို သေချာသင်ပေး လိုက်ပါ ။ "
"ဟုတ်ကဲ့ပါ သခင်ကြီး"
နောက်တော့ တစ်ဖန် တိတ်ဆိတ်သွားပြီး
"မနက်ဖြန် ညနေ၆နာရီ ကျရင် One club သွားပြီး အမှိုက်ေတွ ရှင်းဖို့မင်းခန့် နဲ့ အတူတူ လိုက်သွားလိုက် "
"ဟုတ် အဖေ"
"ဒါဆို သွားနားတော့လေ "
"ဒါဆို Goodnight ပါ အဖေ"
"အင်း"
ညီ ထွက်သွားတော့ သခင်ကြီးက သူ့ဘက်ကို လှည့်ကာ
"မဟာ့ကို သေချာသင်ပေးလိုက်ပါ။ နောက်ပီး မင်းက ဒီအောက်ထပ်မှာ နေ လိုက်။ "
"ဟုတ်ကဲ့ပါ သခင်ကြီး"
"One club ကို မနက်ဖြန်ကျ Tiger ဂိုဏ်းက လူတွေ လာလိမ့်မယ် ။ အဲ့ ထဲက ကျော်စွာ ဆိုတဲ့ ကောင်ကို ရှင်းပစ်လိုက် ၊ သေချာပြောရဦးမယ်။ အသေသတ်လိုက်။"
"နားလည်ပါပြီ "
"မင်းလည်း သွားနားတော့ "
"ဒါဆို ကျွန်တော် သွားပါတော့မယ်"
မင်းခန့်လဲ ရေချိုးပြီး တော့ ညီ့ကို ဆေးလိမ်းပြီး ဆေးသောက်ခိုင်း ဖို့ ပြောရမည်။ အခုမှ စလေ့ကျင့်တာ ဆိုတော့ ကိုယ်လက်ကိုက်ခဲတာတော့ ဖြစ်မှာပင် ။
YOU ARE READING
ချစ်ခြင်း သစ္စာ