"မိုက်ကယ်...."
"ပြောပါ သခင်ကြီး...."
"ငါ့မီးခံသေတ္တာထဲက စာချုပ်သွားယူပေးစမ်းပါ...ငါအဲ့စာချုပ်မေ့ခဲ့လို့..."
"ဟုတ်ကဲ့သခင်ကြီး...."
"အဝါရောင်စာအိတ်နဲ့ဟာနော်...."
"ဟုတ်ကဲ့ပါ သခင်ကြီး..."
မိုက်ကယ် သခင်ကြီးရဲ့အမိန့်အတိုင်း သခင်ကြီးအလုပ်လုပ်နေကြ အိမ်တော်ရဲ့ရုံးခန်းထဲကို အမြန်သွားလိုက်တယ်။ စာချုပ်စာတမ်းတွေ အရေးကြီးပါတယ်ဆိုမှ အဲ့စာချုပ်ကိုပဲမေ့ခဲ့တယ်ဆိုတော့ သခင်ကြီးပုံကြည့်ရတာ တော်တော်သတိမေ့တက်နေပြီထင်တယ်။ ခုရက်ပိုင်း သခင်ကြီးက ဟိုဟာမေ့၊ဒီဟာမေ့နဲ့ အိုလာလို့ထင်တယ်။ အဲ့လိုတွေးမိတော့လည်း ရီတော့ရီရသား သခင်ကြီးသာ သူ့အတွေးတွေကို သိလို့ကတော့ သတ်ပစ်လောက်တယ်.....
မိုက်ကယ် အခန်းထဲဝင်ပြီးတာနဲ့ အခန်းတံခါးကို လော့ချလိုက်တယ်။ အခြားသူတွေကို သခင်ကြီးက ဒီအခန်းထဲပေးဝင်တာမဟုတ်ဘူး။ ဒီအခန်းထဲကို ဝင်လို့ရတာဆိုလို့ သခင်ကြီးရယ်၊ သခင်လေးRue နဲ့ သခင်လေး ထိပ်တန်းမဟာရယ် ပြီးတော့ တစ်ခါတစ်လေ ဟိုဘက်အိမ်က သခင်လေးနေသစ်မဟာက အတင်းဝင်လာပြီး သခင်ကြီးနဲ့ရန်ဖြစ်တက်သေးတယ်။ နောက်ဆုံးအနေနဲ့ ဒီအခန်းထဲကို ယုံယုံကြည်ကြည်ဝင်လို့ရတဲ့သူက မိုက်ကယ်ဆိုတဲ့သူကိုယ်တိုင်ပဲ။ အဲ့အပြင် သခင်ကြီးက သူ့မီးခံသေတ္တာရဲ့လှို့ဝှက်နံပါတ်ကို သခင်ကြီးရဲ့ သားအရင်းဖြစ်တဲ့ သခင်လေးRueကိုတောင်မပြောဘူး။ အဲ့လှို့ဝှက် နံပါတ်ကိုသိတာဆိုလို့ သခင်ကြီးအပြင် ကိုယ်ပဲရှိတယ် ....
မိုက်ကယ် သူ့အတွေးနဲ့သူပြုံးမိတယ်။ ဘာပဲဖြစ်ဖြစ် ခုလိုကိုယ့်တစ်ယောက်တည်းကို အားလုံးအသိပေးတယ်ဆိုကတည်းက သခင်ကြီးက ကိုယ့်ကို ယုံကြည်တယ်ဆိုတဲ့သဘောမလား....
မိုက်ကယ် အတွေးလွန်နေတဲ့ကိုယ့်ကိုယ်ကို ရှက်မိတာကြောင့် မဟုတ်ကဟုတ်ကအတွေးတွေကိုဖယ်ကာ မီးခံသေတ္တာဆီသွားပြီး သခင်ကြီးခိုင်းတဲ့အတိုင်း စာချုပ်ကို ယူဖို့လုပ်လိုက်တယ်....
လှို့ဝှက်နံပါတ် ရိုက်ထည့်ပြီးတာနဲ့ စာရွက်စာတမ်းတွေ အများကြီးထဲက အဝါရောင်စာချုပ်ကိုရွေးယူလိုက်တယ်.....
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........