Part - (3) U

3.5K 77 2
                                    

        လေ့ကျင့်ရေး စမယ့်ရက်

       မဟာတစ်ယောက် လေ့ကျင့်စမယ့် ရက်ဆိုတော့ တက်ကြွနေပြီး အိမ်‌ေတာ်ထိန်း လာမနှိုးခင် နိုးနေမိသည်။ သူလဲ ရေချိုးပြီးနောက် အောက်ထပ်သို့ မနက်စာစားဖို့ ဆင်းလိုက်သည်။

မဟာ အောက်ကို ဆင်းလာတာတေ‌ွ့တော့ အိမ်တော်ထိန်းက

"သခင်လေး ဒီနေ့တော့ စောသားဘဲနော် ၊ ပထမဆုံးနေ့မို့ ထင်တယ် ။ "

" အဲ့လိုဘဲ ပြောရတော့မှာပေါ့ "

မဟာလည်း သွားတန်းလေးတွေ ပေါ်အောင်ပြုံးပြလိုက်ပြီး မနက်စာကို စားလိုက်သည်။ စားနေတုန်းမှာဘဲ အိမ်တော်ထိန်းက စကားစပြောလာသည်။

"‌မ‌ေန့က သခင်လေးရဲ့ bodyguard အဖြစ် မင်းခန့်ကို သခင်ကြီးက ခန့်ထားလိုက်တာမလား။"

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"

"မနေ့က မမလေး ရတီ့ဆီ သွားတုန်းက သခင်လေးကိုယ် တိုင် ကားမောင်းသွားတာကို တွေ့မိလိုက်သလားလို့ ။ "

"အော်......၊ အဲ့ဒါလား အစ်ကို က အရေးကြီးကိစ္စရှိတယ် ထင်တယ် ၊ အဲ့ဒါကြောင့် သူ့ကို မနေ့က အနားပေးထားလိုက်တာ ပါ နောက်ပြီး ကျွန်တော့်အတွက် bodyguard ဆိုတာ မလိုဘူးလေ"

"သခင်လေးက မင်းခန့်ကို အစ်ကို လို့တောင် ခေါ်တယ်ဆိုတော့ တော်တော်လေး ရင်းနှီးနေကြတဲ့ပုံပါဘဲနော် "

"အစ်ကိုလို့ ခေါ်တာက ပိုပြီး သက်တောင့် သက်သာ ရှိလို့ပါ "

"သခင်လေး အဆင်ပြေရင် ပြီးတာပါဘဲ"

အိမ်တော်ထိန်းက ပြုံးလျှက် ပြောလာသည်။

မဟာလည်း မနက်စာ စားပြီးတော့ လေ့ကျင့်ရေးကွင်းကို သွားရသည်။

  လေ့ကျင့်ရေး ကွင်းထဲရောက်တော့ လေ့ကျင့်နေကြတဲ့ ‌လူတွေ အကုန်လုံးက ပြိုင်တူ ခေါင်းငုံ့ ပြီး နှုတ်ဆက်လာကြတယ်။

"မင်္ဂလာ နံနက်ခင်းပါ သခင်လေး "

မဟာလဲ ခေါင်းငြိမ့်ကာ အသိအမှတ်တဲ့ ပုံစံလုပ်ပြီး အစ်ကို ရှိတဲ့ ‌နေရာဆီကို သွားရတော့သည်။

လေ့ကျင့်တဲ့ နေရာရောက်တော့ အစ်ကိုက ပြတင်းပေါက်ဘက်ကို လှည့်ကာ ဆေးလိပ်သောက်နေတာကို တွေ့လိုက်ရသည်။

ချစ်ခြင်း သစ္စာ Where stories live. Discover now