"အဂ္ဂိ....ငါဆိုင်ကယ်နဲ့သွားမယ်။ မင်းက ဒီတိုင်းပျံပြီးလိုက်ခဲ့ ဟုတ်ပြီလား...."
"အွန်း...."
ရှိန်း ဒီနေ့ ကျောင်းသွားပြီး အကျိုးအကြောင်းပြောကာ ပြိုင်ပွဲပြန်ဝင်ဖို့စီစဉ်ရမယ်။ ရှိန်းအတွေးနဲ့တင် တော်တော်ကိုပျော်နေမိပြီ။ သူလက်လွှတ်ရပြီလို့ထင်ခဲ့တဲ့ နှစ်နဲ့ချီပြီး ပြင်ဆင်ခဲ့ရတဲ့အိမ်မက်ကို သူအကောင်အထည်ဖော်နိုင်တော့မယ်.....
"ဒါနဲ့....အဂ္ဂိ မင်းအဲ့ထိလိုက်ရဲလား....သွားတဲ့လမ်းမှာရော ကျောင်းမှာရော လူတွေကအများကြီးပဲ....."
"အွန်း...."
"အင်းပါ။ ပြေရင်ပြီးတာပဲ...လာသွားမယ်...."
ရှိန်း အဂ္ဂိလိုက်မှာသေချာတာနဲ့ ဆိုင်ကယ်ဦးထုပ်ကိုဆောင်းကာ ဆိုင်ကယ်ကိုစက်နှိုးလိုက်တယ်။ နောက်ဆုံးတော့ လွပ်လပ်မှုတွေအားလုံးက သူ့ဆီပြန်ရောက်လာပြီ.....
"ဝူး....ဟူး....ဖေ့သားကြီး သွားကြမယ်...."
အဂ္ဂိ ရှိန်းနောက်လိုက်ဖို့ပြင်ပြီး အတောင်တွေကိုဖြန့်ဖြန့်ချင်း ရှိန်းဆီက ကြားလိုက်ရတဲ့စကားသံကြောင့် ကြောင်သွားတယ်။ ရှိန်းက အဲ့အသက်မပါတဲ့မြင်းလိုလိုဘာလိုလိုကို စီးသွားပြီး ပါးစပ်ကလည်းရွတ်လိုက်ပါသေးတယ်။ ဖေ့သားကြီးတဲ့.....အဲ့တာရှိန်းရဲ့သားလား။ ဒါပေမယ့် အဲ့တာကြီးဆီမှာ ဝိဉာဉ်အငွေ့အသက်လည်းမခံစားရပါဘူး...အသက်မဲ့တဲ့ စက်ယန္တရားကြီးဆိုတာသေချာပါတယ်။ အဂ္ဂိခေါင်းသာခါမိတယ်။ ရှိန်းအပါအဝင် အခြားလူတွေပုံကြည့်ရတာ တစ်ယောက်တစ်မျိုးနဲ့ စိတ်ပုံမှန်မဟုတ်ကြဘူးထင်ပါတယ်လေ........
_____________လပြည့် လက်ထဲက ဆီးစစ်တံလေးကိုသေချာကြည့်မိတယ်။ ဒီတစ်ခါလည်းမျှော်လင့်ထားသလိုမဖြစ်လာပြန်ဘူး.....
"ငါနဲ့ မထိုက်တန်ဘူးထင်ပါတယ်...."
လပြည့် စီးကျနေတဲ့မျက်ရည်တို့ကိုသုတ်ကာ သန့်စင်ခန်းထဲက ပြန်ထွက်လာလိုက်တယ်။ ဝေဟင်တို့ကို စောင့်ပေးရင်း ပျို့တက်လာလို့ ကိုယ်ဝန်များရှိမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ဘယ်သူမှမသိအောင် ဆေးရုံကနေ ဆီးစစ်တံဝယ်ပြီးစစ်ဆေးခဲ့တာ။ တကယ့်တကယ်ကြ မရှိပါဘူးလေ။ မေသွန်းဆက်တုန်းကသာ ရွဲ့စောင်းပြီးပြောခဲ့တာ။ မေသွန်းဆက်ပြောသလိုပဲ ဒီတစ်သက် ရင်သွေးမရတော့မှာတော့ ကြောက်မိတယ်.......
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........