အချစ်နတ်ဘုရားဖြစ်သည့်အလျောက် လပ်ဗ်သည် ဤနယ်ပယ်တွင် ကျွမ်းကျွင်သည်။ ပိုင်နိုင်သည်။ အစွမ်းတွေမရှိတော့သည်တိုင် ဖတ်ခဲ့ရသည့် စာအုပ်တို့က မနည်းမနောပင်။ပန်ဆာ နှင့်အတူရှိတိုင်း ရင်ခုန်သံတိုးသဲ့သဲ့ကိုကြားရသည်။ မျက်လုံးအောက်မှ မှည့်ထင်းထင်းကို မြင်ရတိုင်း ပြိုလဲသွားတော့မလို ခံစားရသည်။ တစ်ဖက်တည်းပါ သည့် အဖိုးတန်ပါးချိုင့်နက် တို့ကို လပ်ဗ်တစ်ယောက်တည်းသာ ပိုင်စိုးချင်သည်။ ဤခံစားချက်တို့သည် အချစ်နတ်ဘုရား၏ စိတ်ကို ဇဝေဇဝါ ဖြစ်စေသည်။
ချစ်မိနေသည်ဟု ကိုယ့်ဟာကိုယ် လက်မခံချင်။ ကျမ်းစာအုပ်များအရ တစ်ဦးကိုယ်တစ်ဦးချစ်မိကြသူတိုင်းသည် အကြောင်းအရင်းတစ်ခု မဟုတ်တစ်ခု ရှိစမြဲပင်။
သို့ရာတွင် လပ်ဗ်ကို "ချစ်မိလေသလား။ အဘယ့်ကြောင့်နည်း။ ရှင်းပြပါ။" ဟု သူငယ်တန်းဆန်ဆန် မေးခွန်းမေးလျှင် လပ်ဗ်မှာ အမှန်ပင် အဖြေမရှိ။ ချစ်နိုင်စရာ အကြောင်းတို့ မရှိ၍မဟုတ်ဘဲ လက်ညှိုးထိုးစရာ တိတိပပ မရှိလောက်အောင် အမဆီတွင် သဘောကျချင်စရာ အချက်တို့များနေ၍ ဖြစ်သည်။
အချစ်နတ်ဘုရားသည်ပင် ချစ်မိသွားသည် ထင်၏။
x
"ပြန်တော့။အဖေ့ကိုပြောလိုက် လပ်ဗ် လူ့ပြည်မှာအလုပ်လေးရှိသေးတယ်လို့"
တမန်တော်များက လပ်ဗ်ထံသို့ အိပ်မက်တမန်တော်အဖြစ် လာသည်မှာ အကြိမ်ရေ များလာသည်။ ခမည်းတော်သည် ဒေါသမာန်ပြေ၍ ချစ်သမီးကို လွမ်းသည်ထင်သည်။ ခဏတိုင်းပင် အခေါ်တော် လွှတ်လေသည်။ လပ်ဗ်ပြန်မလိုက်ချင်သေးပါ။ အမနားတွင်ပင် ကပ်၍ ရသလောက်နေချင်သေးသည်။
ထို့ပြင် လပ်ဗ်သည် ပြိုင်ဆိုင်ချင်စိတ် အလွန်ပြင်းသည်။ ကိုယ်စခဲ့သည့် ကစားပွဲကို ကိုယ်တစ်ယောက်တည်းရှုံးလျှင် မတန်။ ပန်ဆာ ပါ သူမကိုချစ်သင့်သည်လေ။
လပ်ဗ်ကပင် ပညာတွေ မေ့ကုန်သည်လား၊ အမကပင် အသည်းမာသည်လားတော့မသိ၊ အမ သည် ပုံမှန်အတိုင်းပင် လပ်ဗ်ကိုဆက်ဆံသည်။ လပ်ဗ်မှာသာ တစ်ယောက်တည်း ကမ္ဘာတွေပျက်နေခြင်းပင်။ အဖြစ်မခံနိုင်။ လပ်ဗ်သည် တစ်ဦးတည်းရှိသော အချစ်နတ်ဘုရားမပင် ဖြစ်သည်။

YOU ARE READING
What now? (Milklove myanmar au)
Fanfictionဘယ်သူ့ကိုမှ မချစ်တော့ပါဘူးလို့ ကောင်းကင်ကိုတိုင်တည်ပြီးကျိန်ဆိုတဲ့ milk pansa က အချစ်နတ်ဘုရားမ love pattranite ကိုယ်တိုင် ဆွဲဆောင်တဲ့အခါမှာ သူ့စကားသူတည်နိုင်ပါ့မလား? ဇာတ်အညွှန်း crd: @/leightmeup on X! A milklove au wherein Milk swears to the heave...