အဖေထွက်သွားေတာ့ ကိုမင်းခန့်က သူ့ဘက်လှည့်ကာ
" မနက်ဖြန်မနက် ကိုးနာရီကျရင် လေ့ကျင့်ရေးကွင်းမှာ သခင်ေလးကို လေ့ကျင့်ပေးဖို့ စောင့်နေပါ့မယ် "
"ဟုတ်ကဲ့ ကျွန်တော် အချိန်မီ လာခဲ့ပါမယ် ခင်ဗျာ"မင်းခန့်လည်း သခင်လေးနဲ့ ပြောပြီးတဲ့နောက် လှည့်ထွက်မည့်အပြု
"ဟိုလေ ကိုမင်းခန့် ..........
ကျွန်တော့်ကိုလေ သခင်လေးလို့ မခေါ်ပါနဲ့လားခင်ဗျာ"မင်းခန့်လဲ နည်းနည်းတော့ ကြောင်သွားမိသည်။ သခင်လေးကို သခင်လေးလို့ မခေါ်ရရင် ဘယ်လို ခေါ်ရပါ့မလဲ။
"အဲ့ဒါဆိုရင် ဘယ်လိုခေါ်ပေးရမလဲ"
မင်းခန့်လည်း ပြန်ေမးမိသည်။
"ကိုမင်းခန့်က ကျွန်တော့်ထက် ကြီးတော့ သခင်လေးလို့ ခေါ်ရင်ငရဲကြီးမှာ စိုးလို့ပါ နောက်ပြီး ကျွန်တော်ကလည်း ကိုမင်းခန့်လို့ မခေါ်တော့ဘဲ အစ်ကိုလို့ ရင်းရင်းနှီးနှီး ခေါ်မယ်နော်။"
မင်းခန့်လဲ သူ့ကို puppy eye လေးနဲ့ ကြည့်ကာ အသနားခံနေသော မျက်၀န်းများလေးကို မြင်မိလိုက်ကာ အသံတိတ် သက်ပြင်းချကာ
"ဟုတ်ကဲ့ပါ အစ်ကို့ ဘက်ကတော့ ညီ လို့ ခေါ်ပါမယ်နော်"
မင်းခန့်လဲ ပြောလိုက်ရော ညီမျက်၀န်းထဲ၌ အလင်းတန်းတစ်ခု ဖြတ်သွားကာ
"ဟုတ်အစ်ကို အကို့ ဘက်က ညီ လို့ခေါ်လိုက်တော့ ဘယ်လိုလဲ မသိ တကယ့် ညီ အစ်ကို တွေလို ခံစားရတယ် "
မဟာ လည်း အစ်ကို လို့ ခေါ်လိုက်ရတယ့်နာမ်စားလေးကို စိတ်ထဲ၌ ပိုပိုပြီး သဘောကျလာသလို့။
"အာ...။မေ့နေတာဘဲ အစ်ကို သွားစရာရှိရင်သွားတော့လေ ကျွန်တော့်ကြောင့် အနှောင့်အယှက်ဖြစ်သွားမိပြီ။"
"ဟုတ်ပြီလေ ။ဒါဆို အစ်ကို သွားတော့မယ်နော်။"
"ဟုတ်ကဲ့"
___________မင်းခန့် သူဒီနေ့ သူ့မိဘတွေ သေဆုံးမှု အတွက် သံသယရှိတယ်ဆိုပြီး သတင်းရထားတဲ့ အတွက် သွားအတည်ပြုရမည်ဖြစ်သည်။
'ဖေဖေနဲ့မေမေ သားအဖေတို့ အတွက်သွေးကြွေးကို ကျေ အောင်ဆပ်ပေးမယ်'
ဘောင်းဘီ အိတ်ကပ်ထဲက စီးကရက်ဘူးကို ထုတ်ကာ တစ်လိပ် ဆွဲထုတ်လိုက်ပြီး နှုတ်ခမ်းနားတေ့ကာ မီးညှိပြီး တစ်စိုက်မတ်မတ် ရှူလိုက်မိသည်။
သူ့ရင်ထဲက အပူတွေတော့ ဆေးလိပ်ငွေ့တွေထဲ ၌ ပါသွားနိုင်ရင် ကောင်းရဲ့။
YOU ARE READING
ချစ်ခြင်း သစ္စာ