အပိုင်း ( ၇ )

276 26 2
                                        

[ Uni ]

ဆေးရုံက ကောင်တာကိုရောက်တော့ အရင်ဆုံး ဒိုအင်န်ယောင်းနာမည်နဲ့ လူနာရဲ့ အခန်းနံပါတ်ကိုမေးပြီး သွားရသည်။ ပိုးသတ်ဆေးနံ့ ခပ်ပြင်းပြင်းတချို့ကို ရနေတော့ တစ်နေ့လုံး အလုပ်တွေ ပင်ပန်းလာတဲ့ ဂယောင်ဆူး ခေါင်းကိုက်ချင်လာပြီ ဖြစ်သည်။

Ringing _

သွားနေရင်း မြည်လာတဲ့ ဖုန်းသံကြောင့် ဂယောင်ဆူးဖုန်းကို အရင်ကိုင်လိုက်သည်။ သူသွားနေတာ လျှောက်လမ်းရဲ့ အလည်ခေါင်ကြီး ဖြစ်နေတာမို့ ဘေးကိုကပ်ပြီး ရပ်လိုက်သည်။

* ဟယ်လို ချန်းယောလ်။ *

* ဘယ်မှာလဲ အခု။ *

မနေ့က ဆေးခန်းကပြန်တော့ သူ့အိမ်မလိုက်ခဲ့ရင် အိမ်မှာပဲ နားနေဖို့ ပြောထားတော့ ဂယောင်ဆူးဖြေဖို့ အကြပ်ရိုက်နေသည်။ မနက် 8 နာရီ မထိုးခင်ကတည်းက ဂယောင်ဆူး အိမ်ကို ပြန်မရောက်သေး။ အခုက ညရှစ်နာရီကျော်ပြီ။

* ဟို .. အိမ်မှာလေ ချန်းယောလ်.. ဘာဖြစ်လို့လဲ *

ချန်းယောလ်ဖက်က ပြန်ဖြေသံမလာ။ ဖုန်းလည်း ကျသွားတာမို့ လိုင်းများမကောင်းလို့လားဆိုပြီး ဖုန်းစခရင်ကို စစ်ကြည့်တော့ လိုင်းက ကောင်းပါသည်။ အိမ်မှာ မရှိတာများ သိသွားလို့လား။

" ဒါက အိမ်မှာပေါ့။ "

" ချန်းယောလ်! "

ဖုန်းကိုကြည့်နေရာမှ ခပ်ဩဩအသံလှိုင်းကြောင့် အလန့်တကြား မော့ကြည့်မိတော့ မျက်နှာသေဖြင့် ကြည့်နေတဲ့ ချန်းယောလ်‌က ကြက်သီးထဖွယ်။

" ဘယ်လိုလုပ် ရောက်လာတာလဲ။ ပြောလည်း မပြောဘူး။ "

" ကိုယ့်ချစ်သူနောက်လိုက်‌တာ ဘယ်သူ့ကို ပြောဖို့လိုလို့လဲ။ "

ခါးအနည်းငယ်ကိုင်းပြီး မျက်နှာချင်းနီးအောင် လုပ်လိုက်တဲ့ ချန်းယောလ် အပြုအမှုကြောင့် ဂယောင်ဆူး အနောက်သို့ နှစ်လှမ်းလောက် ဆုတ်လိုက်မိသည်။ ဆရာဝန်တွေ ၊ သူနာပြုတွေနဲ့ လူနာတွေက သူတို့ဘေးမှာ ကိုယ်စီသွားလာနေကြတာလေ။

" ဆေးရုံကို ဘာလာလုပ်တာလဲ။ ပြောတော့ အိမ်မှာဆို။ ပြီးတော့ တစ်နေ့လုံး အလုပ်တွေကို ဘာလို့ သေမလို လုပ်နေတာလဲ။ "

မုန်းခွင့် မရှိတဲ့ " မောင် "Where stories live. Discover now