အပိုင်း - ၂၁ The End

7.2K 131 75
                                    

" နိုးပြီလား "

မျက်လုံးနှစ်လုံး ပွင့်ပွင့်ချင်း မမကိုတောင်းတမိတယ်...အိမ်မက်များဖြစ်နေမလားဆိုပြီး ဘေးဘီလျှောက်ကြည့်တော့ သူဟာဆေးရုံကအခန်းတစ်ခန်းထဲမှာ ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှ မတွေ့ရ။

" ကိုကိုအကြောင်းစုံ သိပြီးပြီ...တကယ် စိတ်မကောင်းပါဘူးကွာ...ရတုကလည်း ဆေးတွေအလွန်အကျွန်သုံးထားပုံပဲ ကားမှောက်တဲ့ ဒဏ်ရာတွေနဲ့ပါ ရောပြီး အခုထိသတိမရသေးဘူး "

" မမရော "

ဘာမှမသိချင်လို့ ဘာမှလာမပြောကြရင် ကောင်းမယ်...ဒီအချိန်မှာ အကြားချင်ဆုံး အဖြေတစ်ခုပဲ ရှိတာ..မမက အိမ်မှာစောင့်နေတယ်လို့ ဘာလို့ ဘယ်သူမှ မပြောပေးနိုင်ရတာတဲ့တုန်း။

" ဘာလို့ အမှန်တရားကို လက်မခံချင်ရတာလဲ ကိုးရယ်...ဒီလိုကြီးဖြစ်နေလို့လဲ နွေပျိုမဒီက ပြန်လာနိုင်တော့မှာမှ မဟုတ်တာ "

" မမရောလို့!! "

သူ့စကားတွေကို နားမ၀င်တော့တဲ့ ကိုးအားကြည့်ပြီး သက်ပြင်းကြမ်းကြမ်း ချမိတယ်။

" ဟင်းးး...နွေပျိုမဒီ့ကို ခုနကပဲ အိမ်ပြန်ခေါ်သွား....ကိုး!!"

သူ့စကားမဆုံးသေး ဆေးသွင်းထားတဲ့ အပ်ကိုဖြုတ်လိုက်တဲ့ ကိုးကြောင့် အမှတ်မထင် အော်မိသွားသည်။ 

" အိမ်ပြန်မယ် "

" ဟုတ်ပြီ ဟုတ်ပြီ...ဒီလိုမျိုး တဇွတ်ထိုးတော့ မလုပ်ပါနဲ့ ကိုကိုလိုက်ပို့မယ်နော်..."

လိုက်ပို့မယ် ပြောကာမှ ငြိမ်ကျသွားတဲ့ ကိုးဟာ နွေပျိုမဒီမရှိတော့တာကိုပဲ လက်မခံချင်ပုံ။
အသိစိတ်တွေဟာ နွေပျိုမဒီမရှိတော့ဘူးဆိုတာ ပြောပြနေပေမဲ့ မသိစိတ်ကတော့ အဲ့အသိတရားကြီးကို တော်လှန်နေခဲ့တာ...နောက်ဆုံးတော့ လူက အရူးတစ်ပိုင်း ဖြစ်သွားရတာမျိုး။

အိမ်ကိုပြန်တဲ့ လမ်းတစ်လျှောက်လဲ နွေပျိုမဒီနဲ့ လက်ထပ်ဖို့အတွက် ဘယ်လောက်တောင် ရင်ခုန်နေကြောင်း...သတို့သမီး၀တ်စုံလေးနဲ့ နွေပျိုမဒီ့ကို မြင်ရဖို့ မစောင့်နိုင်တော့ကြောင်း...အဲ့တာတွေကို ကိုးက ပြုံးပြုံးလေးနဲ့ ပြောနေခဲ့ပေမဲ့ နားထောင်ရတဲ့ ကိုယ့်မှာတော့ မျက်ရည်တွေဟာ ဆည်ကျိုးနေတဲ့ အလား။

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now